ဘောလုံးအားကစားနဲ့ပတ်သက်လာရင်ဆရာတစ်ဆူလို့ ဘောလုံးဝါသနာရှင် ချစ်သူများက သတ်မှတ်ထားကြသူ ၊ ဘောလုံးခြေစွမ်းနဲ့ပတ်သက်ရင် အမြဲကြိုးစားလေ့ရှိသူ ၊ ဘောလုံးအားကစားကို အရမ်းချစ်မြတ်နိုးတတ်သူ အာဂျင်တီးနားနိုင်ငံသားလို့ဆိုလိုက်ရင် လီယွန်နယ်မက်ဆီ ကို ​ပြေးမြင်ကြမှာအသေအချာပါပဲ။

Photo Credit From Original Uploader

လီယွန်နယ်မက်ဆီ ဟာ ဘောလုံးအားကစားမှာ တကယ်ကို ထူးချွန်လွန်းတာကြောင့် ပရိသတ်တွေရဲ့ အားပေးချစ်ခင်ခြင်းကို ရရှိတာဖြစ်သလို သူ့ရဲ့ အနေအထိုင်တည်ငြိမ်အေးဆေးပုံကြောင့်လည်း ဣတ္ထိယအမျိုးသမီးတွေသာမက ပုရိသအမျိုးသားတွေရဲ့ လေးစားချစ်ခင်ခြင်းကိုပါ ရရှိထားသူ အားကစားသမားတစ်ဦးလည်းဖြစ်ပါတယ်။

Photo Credit From Original Uploader

လီယွန်နယ်မက်ဆီ ဟာ (၂၀၂၂)ကမ္ဘာ့ဖလားမှာလည်း အာဂျင်တီးနားနဲ့အတူ ကမ္ဘာ့ဖလားဆုကြီးကို ထိုက်တန်စွာသိမ်းပိုက်ရရှိထားသူတစ်ဦးဖြစ်ပြီး လက်ရှိမှာတော့ သူ့ရဲ့အောင်မြင်မှုတွေနောက်ကွယ်က ကူညီထောက်ပံ့ပေးနေတဲ့ သူ့ရဲ့ မိသားစု နဲ့ အတူ အားလပ်ရက်မှာ အပန်းဖြေနေတယ်လို့ သိရပါတယ်။ မက်ဆီတစ်ယောက်ရဲ့ မိသားစုကို ချစ်ခင်ပုံကတော့တကယ်ကို အံ့ဩဖွယ်ပါပဲ။ ချစ်စရာ​ကောင်းတဲ့မိသားစုလေးဒီ့ထက်ပို အေးချမ်းအောင်မြင်ပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ရပါတယ်။

Photo Credit From Original Uploader
Photo Credit From Original Uploader
Photo Credit From Original Uploader
Photo Credit From Original Uploader

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။