တနင်္လာနေ့ (ဇန်န၀ါရီလ ၁၆ ရက်) က အာဆီယံဘောလုံးအဖွဲ့ချုပ် (AFF) ရဲ့ မစ်ဆူဘီရှီ အီလက်ထရွန်းနစ်ဖလား ချန်ပီယံ ဗိုလ်လုပွဲ ဒုတိယအကျော့မှာ ထိုင်းအသင်းက ဗီယက်နမ်ကို (၁-၀) ဂိုးနဲ့ အနိုင်ရရှိခဲ့ပြီး ဆုဖလားကို သိမ်းပိုက်ခဲ့ပါတယ်။


ထိုင်းအသင်းရဲ့ တစ်လုံးတည်းသော အနိုင်ဂိုးကို အသင်း ခေါင်းဆောင် Theerathon Bunmathan က ပွဲချိန် ၂၄ မိနစ်မှာ အံ့အားသင့်စရာ အဝေးကနေ ကန်သွင်းခဲ့တာ ဖြစ်ပါတယ်။ ထိုင်းအသင်းဟာ ယမန်နှစ်က စင်ကာပူမှာ နှစ်နှစ်ဆက်တိုက် ချန်ပီယံဆုကို ဆွတ်ခူးခဲ့တာပြီး ဗိုလ်လုပွဲမှာ အင်ဒိုနီးရှားကို နှစ်ကျော့ပေါင်းဖြင့် အနိုင်ရခဲ့ပါတယ်။ ဒီ ဖလားဟာ ထိုင်းအတွက် အကြိမ် (၇) မြောက် ထပ်မံ ဆွတ်ခူးနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။


ပူးတွဲတတိယအနေနဲ့ အင်ဒိုနီးရှား၊ မလေးရှား တို့က ရရှိခဲ့တယ်လို့ သိရပါတယ်။ ကစားခဲ့တဲ့ပွဲပေါင်း ၂၆ ပွဲမှာ ဂိုးသွင်းအများဆုံး ကစားသမားများဆုကို တီယာဆေးလ်ဒန်ဒါ၊ ငုယင်တီယန်လင်း (၆ ဂိုးစီ) ဖြင့် ရရှိခဲ့သလို ၊ ပြိုင်ပွဲရဲ့ အကောင်းဆုံးကစားသမားဆု သီယာသွန်းဘန်မသန်(ထိုင်း) နှင့် လူငယ်အကောင်းဆုံးကစားသမားဆု မာစီလီနို ဖာဒီနန်(အင်ဒိုနီးရှား) တို့ အသီးသီး ရရှိခဲ့ပါတယ်။


သတင်းအရင်းမြစ်: Source - CNA
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။