(၂၀၂၂) ကမ္ဘာ့ဖလားဆုကြီး ကို အထိုက်တန်ဆုံးရရှိသွားခဲ့တဲ့ အာဂျင်တီးနားအသင်း ရဲ့ ကမ္ဘာ့ဖလားအောင်မြင်မှုကို ဂုဏ်ပြုတဲ့အနေနဲ့ အသင်းခေါင်းဆောင် မက်ဆီ ရဲ့ အမည် နဲ့ ကျောနံပါတ်ပါတဲ့ ရွှေဂျာစီကို နာမည်ကြီးဒီဇိုင်နာ ဖြစ်တဲ့ ဖိုကိုဟေလာက ဖန်တီးလာခဲ့ပြီဖြစ်ပါတယ်။

၎င်းဂျာစီ ဟာ အာဂျင်တီးနားအသင်း ရဲ့ ဂျာစီဒီဇိုင်းအတိုင်း ပြုလုပ်ထားခြင်းဖြစ်ပြီး ဂျာစီ ကို အနုစိတ်ကာ ရွှေဖြင့် အသေးစိတ် ပုံဖော်ဖန်တီးထားကာ ကတ္တီပါ ကို ထူးခြားစွာအသုံးပြုလိုက်ခြင်း က အာဂျင်တီးနား အသင်း အင်္ကျီမှာ ပါဝင်တဲ့ အစင်းကြောင်း ကို ပေါ်လွင်စေတယ်လို့ သိရပါတယ်။ အာဂျင်တီးနား ဝတ်စုံရဲ့အရောင်ဖြစ်တဲ့ အပြာရောင်ကို အဆိုပါ ရွှေဂျာစီ မှာ ပေါ့ပါးစွာ ထည့်သွင်းထားပြီး လက်မောင်းနှင့် လည်ပင်းအောက် မှာရှိတဲ့ ဘေးဘက်အစင်းကြောင်းများကိုတော့ အထင်ရှားဆုံးပေါ်လွင်အောင်ပြုလုပ်ထားတယ်လို့ သိရပါတယ်။


ဒါပေမယ့် အရောင်တွေက ရှပ်အင်္ကျီတစ်ခွင်လုံး တအားကို တောက်ပြောင်နေပြီး အင်္ကျီရဲ့ အနောက်ဖက်မှာ ရှိတဲ့ မက်ဆီဆိုတဲ့ နာမည်ကို ရောင်ပြန်ဟပ်တဲ့အထိကို တောက်ပြောင်နေတယ်လို့ သိရပါတယ်။ အဆိုပါ ဂျာစီ ကို ဖန်တီး တဲ့ အနုပညာရှင် ဟာ ၎င်းအထူးဂျာစီနှင့် တွဲရန် သီးသန့်ဦးထုပ်အပိုပစ္စည်းများကိုလည်း ဖန်တီးခဲ့တယ်လို့ သိရပြီး ဦးထုပ်တစ်ဝက်ဟာ အာဂျင်တီးနားအသင်းရဲ့ အရောင်ကို အခြေခံထားပြီး ကျန်တစ်ဝက်ဟာ ဂျာစီရဲ့ ရွှေရောင်နှင့် ကတ္တီပါအလှကို အခြေခံထားတဲ့ဒီဇိုင်းဖြစ်တယ် လို့ သိရပါတယ်။






"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။