ကမ္ဘာကျော်ဘောလုံးမင်းသားဖြစ်တဲ့ ဒေးဗစ်ဘက်ခမ်းဟာ ကစားသမားဘဝမှာရော မော်ဒယ်‌လောကမှာပါ အောင်မြင်ခဲ့တဲ့သူ တစ်ယောက်ဖြစ်ပါတယ်။ ဘက်ခမ်းဟာသူ့ရဲ့ရုပ်ရည်၊ဖက်ရှင်ဘက်မှာ အပြစ်ပြောစရာမရှိသလို မိသားစုအတွက်လည်း အိမ်ထောင်ဦးစီးကောင်း၊ဖခင်ကောင်းတစ်ယောက် ဖြစ်ပြီးမကြာသေးခင်က ဖခင်မေတ္တာဘာလဲ ဆိုတာ ပြသခဲ့ပါတယ်။

ဘက်ခမ်းရဲ့ သားအကြီးဖြစ်တဲ့ ရိုမီယိုဘက်ခမ်းဟာ မကြာသေးခင်က ဘရန်းဖို့ဒ် (B) အသင်း နဲ့ စာချုပ်ချုပ်ဆိုထားပြီး သူ့ရဲ့ပွဲဦးထွက်အဖြစ် ကစားခဲ့တဲ့ပွဲကို ဘက်ခမ်းကိုယ်တိုင် သွားရောက်အားပေးခဲ့တာ ဖြစ်ပါတယ်။ဘက်ခမ်းဟာ ခေါင်းစွတ်စွတ်ကာ စျေးကြီးတဲ့ရေစိုခံအင်္ကျီကို ဝတ်ဆင်ထားပြီး ပရိသတ်တွေကြားမှာ တိတ်တဆိတ် ဝင်ရောက်အားပေးခဲ့တာ ဖြစ်ပါတယ်။

ထိုဖလားပြိုင်ပွဲငယ်ကို ပရိသတ် (၅၅၄) ယောက်ခန့်လာ အားပေးခဲ့ပြီး ရိုမီယိုဘက်ခမ်းဟာ ဒုတိယပိုင်းမှာ လူစားဝင်ကစားခဲ့တာပဲဖြစ်ပါတယ်။ ဘက်ခမ်းကလည်း သူ့သားအတွက်ဂုဏ်ယူနေပုံရပြီး ပြန်တဲ့အခါမှာ ခြံစည်းရိုးကိုကျော်တက်ကာ ပြန်ခဲ့တာကြောင့် ပရိသတ်တွေအနေနဲ့ အံ့အားသင့်ခဲ့ကြပါသေးတယ်။ 

Photos:Credit

သတင်းအရင်းမြစ်: google

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။