ဒေါ့မွန်အသင်း ရဲ့ ကစားသမား တိုက်စစ်မှူး ဟော်လာ ဟာ (၂၀၂၂)ခုနှစ် ၊ ဇူလိုင်လ မှာ ပရိသတ်အားလုံးနဲ့ အသင်းဖော်တွေကို ဝှေးစေ့ကင်ဆာရှိကြောင်း ထုတ်ဖော်ပြောကြားကြေညာ ခဲ့ပြီး အဆိုပါ သတင်းဟာ သူ့ရဲ့ ပရိသတ်တွေကို ဝမ်းနည်းစေခဲ့ပါတယ်။

ဟော်လာ ဟာ ဝှေးစေ့ကင်ဆာရှိကြောင်းကြေညာပြီးနောက် နိုဝင်ဘာလနှောင်းပိုင်းမှာ ဓာတုကုထုံးနှင့် ခွဲစိတ်မှုနှစ်ခု ပြုလုပ်ခဲ့ပြီး သူ့ရဲ့ပရိသတ်တွေက သူ့ကိုအမြန်ဆုံးပြန်လည်ကျန်းမာလာပြီး အရင်လိုပြန်ဖြစ်ဖို့မျှော်လင့်ကာ ဆုတောင်းခဲ့ကြတာ အခုဆို ဆုတောင်းပြည့်သွားခဲ့ပါပြီ။

ဟော်လာ ဟာ အောင်မြင်စွာ ကုသမှုခံယူပြီးနောက် အသင်းမှာ လေ့ကျင့်ပြန်ဆင်းနေခဲ့ရုံသာမက Fortuna Düsseldorf အသင်း ကို (5-1) ဖြင့် အနိုင်ရခဲ့တဲ့ ချစ်ကြည်ရေးပွဲရဲ့ နောက်ဆုံး (၁၆)မိနစ် မှာပါ ပြန်လည်ပါဝင်ကာ ကစားလာခဲ့တာဖြစ်ပါတယ်။ " ခြောက်လလောက် ခက်ခဲတယ်။ ယောက်ျားလေးတွေနဲ့ လေ့ကျင့်ရတာကို သဘာဝအတိုင်း ပျော်ရွှင်မိပါတယ် ၊ ငါ့အတွက်၊ ငါ့ပြန်လာချိန်က ရိုးရိုးရှင်းရှင်းပါပဲ " လို့ ပြောဆိုခဲ့ပါသေးတယ်။ ဒေါ့မွန်အသင်းကတော့ သူ့ကို အချိန်ပေးဖို့လိုသေးတယ်လို့ပြောနေပေမယ့် ဟော်လာကတော့ တကယ်ကို ခြေစွမ်းပြဖို့ စိတ်အားထက်သန်နေပြီဖြစ်ပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။