လတ်တလောကာလတွင် စီရော်နယ်ဒို ဟာ ဆော်ဒီအာရေဗျနိုင်ငံ မှာ အသင်းပြောင်းရွှေ့ကစားတော့မှာဖြစ်ပြီး ဒီသတင်းဟာ အားကစားဝါသနာရှင်ပရိသတ်များအကြား အတော်လေးပွက်လောရိုက်ခဲ့ပါတယ်။ ဒါတင်သာမက ဆော်ဒီအာရေဗျနိုင်ငံမှာလည်း ရော်နယ်ဒို ရဲ့ လက်ရှိပြုမူနေထိုင်တဲ့ပုံစံကြောင့် အုတ်အော်သောင်းနင်းဖြစ်ခဲ့ရပါတယ်။

ဆော်ဒီအာရေဗျ နိုင်ငံမှာဆိုရင် စုံတွဲတွေအတွက် ဥပဒေတစ်ခုထုတ်ထားပြီး အဆိုပါဥပဒေဟာ လက်ထပ်ထိမ်းမြားမှုဆိုင်ရာ ဥပဒေဖြစ်ပြီး ၎င်းဥပဒေအရ တရားဝင် လက်ထပ်ထိမ်းမြားခြင်း မရှိဘဲ အတူပေါင်းသင်းနေထိုင်ခြင်းကို တားမြစ်ထားတာဖြစ်တယ်လို့ သိရပါတယ်။

ဒါပေမယ့် ဒါဟာ ရော်နယ်ဒို မရောက်ရှိသေးခင်ကဖြစ်ပြီး လက်ရှိမှာတော့ ရော်နယ်ဒို နဲ့ ဂျော်ဂျီနာရိုဒရီဂွက်ဇ်တို့ဟာ တရားဝင် ဇနီးမယား မဟုတ်ကြသေးတာကြောင့် အဆိုပါ ဥပဒေ နဲ့ ငြိစွန်းနေခဲ့တာကြောင့် ဆော်ဒီ အစိုးရအနေနဲ့ ရော်နယ်ဒို အတွက် ဒီဥပဒေကိုတော့ ဖြေလျှော့ပေးသွားဖို့ ရှိတယ်လို့ သတင်းတွေထွက်ပေါ်လာခဲ့ပါတယ် ။ ရော်နယ်ဒို ရဲ့ ဩဇာတိက္ကမကြီးမားပုံဟာ အတော်လေးကို မယုံချင်စရာကောင်းလောက်အောင်ကြီးမားနေတာကြောင့် ပရိသတ်တွေကလည်းဒီသတင်းအမှန်ဖြစ်မလားဆိုတာ စောင့်ကြည့်နေကြပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။