ဟယ်ရီမက်ဂွိုင်းယားလို့ ဆိုလိုက်ရင် မန်ချက်စတာယူနိုက်တက်အသင်း ရဲ့ နောက်ခံကစားသမား ၊ အသင်းခေါင်းဆောင် ဖြစ်သူ ၊ စိတ်ရင်းကောင်းလွန်းသူ အဖြစ် အားလုံးက အမှတ်ရနေမယ်လို့ ထင်ပါတယ်နော်။

မန်ချက်စတာယူနိုက်အသင်းရဲ့ အသင်းခေါင်းဆောင်ဖြစ်သူ ဟယ်ရီမက်ဂွိုင်းယား ဟာ ခြေစွမ်းတွေကျနေခဲ့တာကြောင့် (၂၀၂၂)ခုနှစ် ၊ နိုဝင်ဘာလတည်းက အသင်းပြောင်းရွှေ့ဖို့ သို့လောသို့လော သတင်းတွေ ထွက်ပေါ်လာခဲ့တာဖြစ်ပါတယ်။

အခုအခါ ၎င်းသတင်းတွေဟာ အတော်လေး ထွက်ပေါ်လာခဲ့ရုံသာမက ဟယ်ရီမက်ဂွိုင်းယား ဟာ အက်စတွန်ဗီလာအသင်းဆီကို ပြောင်းရွှေ့ဖို့ အလွန် နီးစပ်နေပြီလို့ နာမည်ကျော် TalkSPORT သတင်းမီဒီယာကနေ ဖော်ပြလာခဲ့ပါတယ်။ ဒီသတင်းအမှန်ဖြစ်လာမလားဆိုတာကိုတော့ သေချာစောင့်ကြည့်ရမှာ အမှန်ပါပဲ။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။