ကျန်းမာရေး အခြေအနေ ဆိုးရွားနေတဲ့ ဘရာဇီးလ် ဂန္တဝင် ကစားသမားကြီး ပီလီ က သတိမလည်တော့တာကြောင့် နောက်ဆုံးထွက်သက်ကို ရောက်နေတဲ့ လူနာတွေသာ ထားရှိတဲ့ ဆေးရုံအဆောင်တခုကို ပြောင်းရွှေ့ခဲ့ရပြီး အခုတော့ ကွယ်လွန်သွားခဲ့ပြီဖြစ်တယ်လို့ ဘရာဇီးလ် အခြေစိုက် သတင်းဌာနတွေက အခိုင်အမာ ဖော်ပြသွားကြပါတယ်။

ပီလီ က ကင်ဆာရောဂါအခံ ရှိသလို အသက်အရွယ်ကြောင့် အခြား သေစေနိုင်တဲ့ ရောဂါများစွာကိုလည်း ခံစားနေရကာ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းမှာပဲ နေအိမ်မှာ သတိလစ်သွားတာကြောင့် မိသားစုက သူ့ကို ဆေးရုံတင်ကာ အနီးကပ် ဆေးဝါးကုသမှုတွေ လုပ်ပေးခဲ့ပါတယ်။

ဒါပေမယ့် ပီလီက နေအိမ်မှာ သတိလစ်သွားတဲ့ အချိန်ကနေ ယခုချိန်အထိ သတိပြန်လည်လာခြင်း မရှိတော့သလို သူ့ရဲ့ ဦးနှောက်ကလည်း တုံ့ပြန်မှု အားနည်းသွားတာကြောင့် ဆရာဝန်တွေက အရေးပေါ်ကုသဆောင် ကနေ နောက်ဆုံးထွက်သက် ရောက်နေတဲ့ လူနာတွေသာ ထားတဲ့ ကုသဆောင်ဆီ ပီလီကို ပြောင်းရွှေ့အပြီးမှာတော့ အသက် (၈၂)နှစ်အရွယ်ရှိ ဘရာဇီးလ် ဂန္တဝင် ဘောလုံးသမားဟောင်းကြီး ပီလီဟာ ဒီကနေ့မှာ ဆုံးပါးကွယ်လွန်သွားခဲ့ရပြီ ဖြစ်ပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။