နိုင်ငံတကာရုပ်ရှင်ဇာတ်လမ်းတွေထဲမှာ Zombie တွေကို အတော်များများ မြင်ဖူးကြမှာပါနော်။ လမ်းမပေါ်မှာလျှောက်သွားနေပြီး အချင်းချင်းကိုက်ဖြတ်ရာမှ တဖြည်းဖြည်း Zombie အဖြစ်သို့ကူးစက်သွားစေလာပြီး ကြောက်စရာကောင်းတာကိုလည်း ပရိသတ်တွေမြင်ဖူးကြမှာပါနော်။

အခု Zombie ကို ရုပ်ရှင်ထဲတွင်သာမက အပြင်လောကမှာပါ လက်တွေ့မြင်လာနိုင်ဖွယ် ရှိလာပါပြီ။ ရုရှားနိုင်ငံရှိ အေးခဲနေတဲ့ရေခဲပြင် ရေကန်အောက်မှာ လွန်ခဲ့တဲ့ နှစ်ပေါင်း (၄၈၅၀၀) ခန့်က Zombie Virus ဟောင်း တစ်ခုဟာ နစ်မြုပ်နေခဲ့တယ်လို့ သိရပါတယ်။

၎င်း Zombie Virus ပိုးဟောင်းတစ်မျိုးကို ဥရောပသိပ္ပံပညာရှင်များက ပြန်လည်အသက်သွင်းခဲ့ကြပြီး ၎င်းပိုးဟာ အခုအခါမှာ ကူးစက်နိုင်တဲ့အလားအလာ ရှိ‌နေတယ်လို့သိရပါတယ်။ New York Post သတင်းဌာနမှာတော့ “ရှေးဟောင်းအမည်မသိ ဗိုင်းရပ်စ်တစ်မျိုး ပြန်လည် ရှင်သန်လာမှုကြောင့် ဗိုင်းရပ်စ်အသစ်များဖြစ်ပေါ်လာနိုင်ပြီး လူသားတွေတင်မကအပင်၊ တိရိစ္ဆာန် များပါ ရောဂါဖြစ်ပွားလာနိုင်တဲ့ အခြေအနေအထိ ဆိုးရွားလိမ့်မည်” လို့လေ့လာမှုများမှာ ဖော်ပြထားတယ်လို့ သိရပါတယ်။ တကယ်ပဲ ကူးလာနိုင်မလား ၊ ဘယ်လိုဆက်ဖြစ်လာကြမလဲဆိုတာကို အတော်လေးစိတ်ဝင်စားနေကြပါပြီ။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။