နိုဝင်ဘာလက စတင်ကျင်းပပြုလုပ်ခဲ့တဲ့ ကာတာကမ္ဘာ့ဖလားပြိုင်ပွဲကြီးမှာ အသင်းပေါင်း(၃၂)သင်း က ဝင်ရောက်ယှဉ်ပြိုင်ကစားခဲ့ပြီး အာရှအသင်းဖြစ်တဲ့ တောင်ကိုးရီးယားအသင်းလည်း ပါဝင်ခဲ့ပါတယ်။ တောင်ကိုးရီးယားအသင်း ရဲ့ ခြေစွမ်းနဲ့အတူ နံပါတ်(၉)ကစားသမားရဲ့ ချောမောမှုဟာလည်း အမျိုးသမီးထုကြီးအကြားအတော်လေး ရေပန်းစားကျော်ကြားခဲ့ပါတယ်။

အဲ့သလိုကျော်ကြားပြီး ကာလ အပိုင်းအခြားတစ်ခုမှာတင်ပဲ အဆိုပါ ဘောလုံးကစားသမား Cho Gue Sung ဟာ တောင်ကိုးရီးယား မော်ဒယ် Ji Min Joo နဲ့ တွဲချိတ်နေပြီဖြစ်တယ်လို့ ကောလဟာလသတင်းတွေ ပရိသတ်တွေကြားအဆက်မပြတ်ဆိုသလို ထွက်လာပြီဖြစ်ပါတယ်။

သိပ်မကြာခင်က Instagram မှာ တစ်ဦးနဲ့တစ်ဦး Followလုပ်ခဲ့ပြီး Ji Min Joo ကလည်း Cho Gue Sung ရဲ့ကျောနံပါတ် (၉) ကို ဝတ်ဆင်ပြီး အားပေးရာကနေပြီး ပရိသတ်များအကြားမှာအခုလို ကောလဟာလ သတင်းတွေ ပြန့်ခဲ့တာဖြစ်ပါတယ်။

အခုလို သတင်းတွေထွက်လာပေမယ့် Ji Min Joo ရဲ့ agency က ဖြေရှင်းခြင်းမရှိသလို Ji Minjoo ကလည်း သူတို့နှစ်ဦးဟာ ဘာပတ်သက်မှု မှ မရှိသလို အထူးတလည်ဆက်ဆံရေးမျိုးလည်းမဟုတ်ဘူးလို့ ပြောကြားထားပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။