ထိုင်းမင်းသား Naphat က မင်းသမီး Baifern တို့ဟာ လွန်ခဲ့တဲ့ ၃ နှစ်၄ နှစ်ကတည်းက အရမ်းကို ခင်မင်ရင်းနှီးတဲ့ သူငယ်ချင်းတွေ ဖြစ်ခဲ့ကြပြီး မကြာသေးမီရက်ပိုင်းကမှ ဖွင့်ပြောလိုက်တာဖြစ်ပါတယ်။ ပရိသတ်တွေက ဒီသတင်းကို ကြားကြားချင်းမှာ ပျော်ရွှင်ကျေနပ်နေကြပြီး သဘောတူနေကြပါတယ်။

Naphat က friend zone ကနေ ထွက်ချင်နေပြီဆိုတဲ့အကြောင်းကို Baifern ကို ဖွင့်ပြောပြီးနောက်ပိုင်းမှာ အဆိုပါ ကိစ္စက ထိုင်းနိုင်ငံရဲ့ မီဒီယာတွေမှာ ခေါင်းကြီးပိုင်း သတင်းအဖြစ်ကို နာမည်ကြီးသွားခဲ့ပါတယ်

။ သူတို့နှစ်ယောက်ကို သဘောတူတဲ့ Fan Page တစ်ခုကလည်း သူတို့နှစ်ယောက်ရဲ့ အကြောင်းလေးတွေကို ရယ်စရာအဖြစ်နဲ့ တင်ထားပါတယ်။အဲ့ post ရဲ့ အောက်မှာ Naphat ရဲ့ အမေက " ကျွန်မကတော့ချွေးမအဖြစ် ကြွက်ကလေးနဲ့ ပဲ သဘောတူပါတယ်။

မှတ်မိသေးလား လွန်ခဲ့ ၇ ရက်လောက်က ပြောသလိုပဲ ကျွန်မသားသာ baifern နဲ့ တွဲဖြစ်သွားရင် ဒီမေမေက အမှန်တကယ်ပျော်ရွှင်နေမှာ အမှန်ပဲလို့" Comment ဝင်ရေးခဲ့ပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။