အောင်လအန်ဆန်ရဲ့ ပြိုင်ဘက်ဟောင်းတစ်ဦးဖြစ်ပြီး အချုပ်စကေးအားသားတဲ့ ရိုင်နီယာဟာ ဒီကနေ့ ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့မှာ ကျင်းပတဲ့ light heavy weight ပြိုင်ပွဲမှာ ရုရှားဖိုက်တာကြီး မာလီခင်ကို ပထမအချီမှာပဲ ရှုံးနိမ့်ခဲ့ပါတယ်။

Photo Credit - ONEChampionship

ရိုင်နီယာဟာ သူ့ရဲ့ အားသာချက် အချုပ်စကေးကို အသုံးချပေမယ့် မာလီခင်ရဲ့ ပါးနပ်တဲ့ လက်းသီးထိုးချက်တွေရဲ့ အောက်မှာ မရှုမလှပြားပြားဝပ်ခဲ့ရပါတယ်။ မာလီခင်ရဲ့ ထိုးချက်ကြောင့် ရိုင်နီယာတစ်ယောက် သွေးသံရဲရဲနဲ့ ကြမ်းပေါ်လဲကျသွားခဲ့ပါတယ်။ ရိုင်နီယာကတော့ ပြိုင်ဘက် ရုရှားဖိုက်တာ မာလီခင်ရဲ့ ဆက်တိုက်လာတဲ့ လက်သီးရိုက်ချက်ကြောင့် ပထမအချီမှာတင် ဒိုင်ပွဲရက် အရှုံးပေးလိုက်ရပါတယ်။

Photo Credit - ONEChampionship
Photo Credit - ONEChampionship

မစ်ဒယ်ဝိတ်တန်းနဲ့ လိုက်ဟဲဗီးဝိတ်တန်းတို့ရဲ့ နှစ်ထပ်ကွမ်းချန်ပီယံဖြစ်သူ နယ်သာလန်ဖိုက်တာ ရိုင်နီယာဟာ လက်ရှိရှုံးပွဲကြောင့် သူရဲ့ ရှုံးပွဲမရှိ စံချိန် ပျက်သွားခဲ့ပြီး သူရဲ့ light heavy weight ခါးပတ်ကို မာလီခင်ဆီကို လွှဲပြောင်းပေးလိုက်ရပြီပဲဖြစ်ပါတယ်။

Photo Credit - ONEChampionship
Photo Credit - ONEChampionship

သတင်းအရင်းမြစ်: Source - ONEChampionship

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။