Fisher (ဒေသအလိုက် တံငါကြောင်လို့ ခေါ်ဆိုပေမယ့်လည်း သူတို့ဟာ ကြောင်များနဲ့ မသက်ဆိုင်သလို ကြောင်အများအပြားကိုလည်း မစားသုံးကြပါဘူး) ရှည်လျားသွယ်လျပြီး ကိုယ်ခန္ဓာဟာလည်း ကြွက်သားများရှိကာ သူတို့ရဲ့ ဝမ်းကွဲများဖြစ်တဲ့ ဖျံပိုး၊ မျှင်၊ မာတင်းနှင့် ဖျံတို့နှင့် ဆင်တူပါတယ်။ သူတို့ရဲ့ ထူထဲတဲ့ မီးခိုးရောင်မှ အညိုရောင်အထိ တောက်ပြောင်တဲ့ အမွှေးများဟာ အမျိုးသမီးများမှာ ပိုပြီးနက်ရှိုင်းတတ်ပါတယ်။ အသက်ကြီးတဲ့ Fisher တွေရဲ့ ဆံနွယ်ဖြူဆံနွယ်များဟာ ကြမ်းတမ်းတဲ့ အသွင်အပြင်ရှိပါတယ်။ Fisher တွေမှာ တောင်တက်ဖို့အတွက် သန်မာတဲ့ခြေသည်းများနှင့် ရှည်လျားပြီး ထူထဲတဲ့ အနက်ရောင် အမြီးရှိကြပါတယ်။ အထီးများဟာ ပျမ်းမျှအားဖြင့် 4-12 ပေါင်ရှိပြီး အမျိုးသမီးများထက် နှစ်ဆလောက်ကြီးပါတယ်။

Fisher ကို အရှေ့တောင်ဘက် Alaska နှင့် British Columbia မှ အရှေ့ဘက် Minnesota မြောက်ပိုင်းအထိ၊ New York အထက်ပိုင်း၊ New England မြောက်ပိုင်း၊ Canada အရှေ့ပိုင်း၊ South California Sierra Nevada တောင်များနှင့် Wyoming ရှိ Rocky တောင်များအထိ တွေ့ရှိရပါတယ်။ New Hampshire နှင့် New England တို့မှာတော့ Fisher တွေကို အတွေ့များပါတယ်။ ဒါပေမယ့်လည်း မျိုးစိတ်များဟာ အချိန်နှင့်အမျှ အကောင်အရေအတွက် ကွဲပြားတတ်ပါတယ်။ သမိုင်းကြောင်းအရ မြေယာပြောင်းလဲခြင်း၊ နေထိုင်ရာနေရာများ ပြောင်းလဲခြင်း၊ တောရိုင်းတိရစ္ဆာန်များ တိုးပွားလာခြင်းနှင့် စည်းမျဥ်းစည်းကမ်းမဲ့ သစ်ခုတ်ခြင်းတွေဟာ သူတို့ရဲ့အကောင်အရေအတွက်ကို ကွဲပြားစေပါတယ်။ တစ်ခါတစ်လေ အကောင်အရေအတွက်အများကြီးဖြစ်တတ်ပြီး တစ်ခါတစ်လေ နည်းနေတတ်တာမျိုးပေါ့။

အသားစားတတ်ပေမယ့်လည်း သူဟာ ယေဘုယျအားဖြင့် ရှိသမျှကို စားပါတယ်။ သူတို့ရဲ့ အဓိက သားကောင်များမှာ နှင်းတောထဲက ယုန်၊ ဖြူကောင်၊ နို့တိုက်သတ္တဝါငယ်များ (ကြွက်များ၊ ကြွက်စုတ်များ၊ ကြွက်မျိုးနွယ်များ) နှင့် ရှဥ့်များ (မီးခိုးရောင်ရှဥ့်၊ အနီရောင်ဥ့်၊ ရှဥ့်ပျံ) တို့ ပါဝင်ပါတယ်။ ငှက်များ၊ ကုန်းနေရေနေသတ္တဝါများ၊ အင်းဆက်များ၊ သစ်သီးများ၊ အခွံမာသီးများနှင့် carriion တို့ကိုလည်း စားသုံးကြပါတယ်။ Fisher ဟာ မျက်နှာနှင့် ဦးခေါင်းကို ကြိမ်ဖန်များစွာ လျင်မြန်စွာ တိုက်ခိုက်ခြင်းဖြင့် ဖြူကောင်များကို သတ်ပစ်နိုင်ပါတယ်။ ဖြူကောင်ကိုသတ်ပြီးနောက် Fisher ဟာ ဖြူကိုလှန်ကာ ဝမ်းကိုစတင်စားပါတယ်။ သူတိ့ရဲ့ ပုံမှန်သက်တမ်းဟာ ၁၀ နှစ်ဖြစ်ပါတယ်။

သတင်းအရင်းမြစ်: Britannica

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။