Aokigahara သစ်တောဟာဆိုရင် Japan နိုင်ငံက နာမည်ကြီးသစ်တောဖြစ်ပြီး ကမ္ဘာအဆင့်၃နေရာမှာရှိတဲ့ ရေပန်းအစားဆုံး ကိုယ့်ကိုကို သတ်သေတဲ့နေရာပဲဖြစ်ပါတယ်။ ၁၉၅၀ခုနှစ်တုန်းက စီးပွားရေးလုပ်ငန်းရှင်တွေက အဲ့သစ်တောထဲကို လှည့်လည်သွားလာခဲ့ကာ သူတို့ထဲက အနည်းဆုံးအယောက်၅၀၀လောက်ဟာ ပြန်မထွက်လာခဲ့ပါဘူး။ ဘာကြောင့်လဲဆိုတာမသိပါဘူး။ အာ့ကြောင့်ပဲ နယ်ခံတချို့က အပြန်လမ်းမဲ့ သစ်တောဆိုပြီးခေါ်လေ့ရှိပါတယ်။ 

၂၀၀၁ မှာတော့ လူအယောက်၇၈ယောက်ဟာ အဲ့တောထဲမှာ ကိုယ့်ကိုကိုသတ်သေခဲ့ကြပြီး ၂၀၀၃ မှာတော့ လူသေလောင်း ၁၀၅လောင်းကိုတွေ့ရှိခဲ့ပါတယ်။ အဲံဒီသစ်တောကို တချို့လူတွေကတော့ Suicide Forest လိုခေါ်ကြပြီး ဘာလို့အဲ့လိုမျိုးဖြစ်လဲဆိုတော့ သစ်ပင်တွေကထုတ်တဲ့ ဓာတုဓာတ်တစ်မျိုးကြောင့်လိုအများစုကပြောကြပါတယ်။ January ၂၀၁၈ မှာတော့နိုင်ငံတကာရဲ့ အာရုံစိုက်ခြင်းကိုခံခဲ့ရပါတယ်။

ထိုသစ်တောနဲ့ပတ်သက်ပြီး ၂၀၁၆ ခုနှစ်မှာ " The Forest " ဆိုတဲ့နာမည်နဲ့ ရုပ်ရှင်ထွက်ရှိထားပါတယ်။ အဲ့ရုပ်ရှင်ကားဟာဆိုရင်လဲ ထိတ်လန်းဖွယ်ရာတွေကို စိတ်ဝင်စားတဲ့သူတွေအတွက် ကြည့်လို့ကောင်းပါတယ်။ ဒီတောကိုခုချိန်မှာ ဝင်ခွင့်ပိတ်ထားပေမဲ့လဲ လူတွေဟာ အမြန်စူးစမ်း စပ်စုလေရှိတာမို့ ဝင်ရောက်နေကြစဲပါ။ အဲ့သစ်တောမှာဘာလိုလူတွေ ကိုယ့်ကိုကိုသတ်သေနေရတာလဲ...အပင်ကထုတ်တဲ့ ဓာတုဓာတ်တစ်မျိုးကြောင့်လား .... တစ်ခုခုက နှိုးဆော်နေလို့လား....ဘာကြောင့်များဖြစ်မလဲလို့ စာဖတ်သူတွေ ဘယ်လိုထင်လဲဗျာ။

Source : .Thrillophilia

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။