ကမ္ဘာပေါ်က ထူးဆန်းတဲ့ တိရစ္ဆာန်တွေပြောပါဆိုရင် ဒီတိရစ္ဆာန်က မပါမဖြစ်လို့တောင် ပြောလို့ရပါတယ်။ သူဟာ ထူးဆန်းတဲ့အသွင်အပြင်ရှိနေရုံမကပဲ အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရန့်ရဲ့ ဆံပင်ပုံစံနဲ့တောင် တူနေပါတယ်။ ဒီပေါက်ဖက်ကို Donald Trump Caterpillar ဒါမှမဟုတ် Trumpapillar လို့ခေါ်ကြပါတယ်။ တိရစ္ဆာန်ကို Flannel Moth Caterpillar သို့မဟုတ် Asp Caterpillar (Megalopyge opercularis) လို့လည်း လူသိများပါတယ်။

ပိုးဖလံမျိုးစပ်ဖြစ်နေပေမယ့်လည်း ပိုးကောင်ငယ်ရဲ့ ရွှေရောင်ဆံပင်များဟာ ပျော့ပျောင်းရုံမျှသာ မဟုတ်ပါဘူး။ Donald Trump Caterpillar ဟာ ဒေါ်နယ်ထရန့်ရဲ့ ဆံပင်ကို အံ့အားသင့်ဖွယ်ကောင်းအောင် တိကျစွာအတုခိုးရုံမျှမက သူဟာ သူ့ရဲ့ နာမည်အရင်းထက်တောင် အဆိပ်ပြင်းပါတယ်။ သူ့ရဲ့ကျောကုန်းအမွှေးတွေဟာ ပြင်းထန်တဲ့ အဆိပ်များကို ပေးဆောင်နိုင်တဲ့ အန္တရာယ်ရှိပါတယ်။

သိပ္ပံပညာရှင်တွေပဲခေါ်ဆိုတဲ့ 'setae' ဆိုတဲ့ ဒီအမွှေးတွေနဲ့ ထိတွေ့ခြင်းဟာ ဆိုးရွားတဲ့ အတွေ့အကြုံတစ်ခုဖြစ်ပါတယ်။ ငါးမိနစ်အတွင်း သူနဲ့ထိမိပါက ပြင်းထန်းတဲ့ နာကျင်မှုကို ခံစားရပါလိမ့်မယ်။ နာကျင်မှုပမဏကို တိုင်းတားချက်အရ အရိုးကျိုးခြင်း၊ ကျောက်ကပ်ကျောက်တည်ခြင်း၊ တူ သို့မဟုတ် ဘေ့စ်ဘောရိုက်တံနဲ့ ထိသလို ခံစားရနိုင်ပါတယ်။

ကံဆိုးစွာပဲ နာကျင်မှုတစ်ခုတည်းကိုခံစားရမှာမဟုတ်ပါဘူး။ အကိုက်ခံရတဲ့အခါ နာကျင်မှုအပြင် ခေါင်းကိုက်ခြင်း၊ ပျို့အန်ခြင်း၊ အော့အန်ခြင်း၊ ပြင်းထန်တဲ့ ဝမ်းဗိုက်နာခြင်း၊ lymphadenopathy၊ lymphadenitis နှင့် တစ်ခါတစ်ရံ တုန်လှုပ်ခြင်း သို့မဟုတ် အသက်ရှူလမ်းကြောင်းဆိုင်ရာ ဖိစီးမှုတို့ ဖြစ်ပေါ်နိုင်ပါသေးတယ်။ သူတို့ကို တောင်အမေရိက၊ တောင်ပိုင်း အမေရိကန်ပြည်ထောင်စုနှင့် မက္ကဆီကိုမှာ တွေ့ရှိရပါတယ်။

သတင်းအရင်းမြစ်: Discover magazine

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။