ပန်ဒါနီ (Ailurus fulgens) ကို သေးငယ်တဲ့ ပန်ဒါ၊ ပန်ဒါဝက်ဝံနီ သို့မဟုတ် ဝက်ဝံနီ၊ ကြောင်နီ လို့လည်း ခေါ်ဆိုတတ်ကြပါတယ်။ အမြီးရှည်ပြီး ရက်ကွန်းလို နို့တိုက်သတ္တဝါဖြစ်ကာ အိမ်မွေးကြောင်ကြီးများရဲ့ အရွယ်ခန့်ရှိပါတယ်။ ဟိမဝန္တာတောင်တန်းများ နဲ့ အာရှအရှေ့ပိုင်းရဲ့ ကပ်လျက်နေရာများမှာနေထိုင်ကြပြီး ဝါးနှင့် အခြားအပင်များ၊ သစ်သီးဝလံများနှင့် အင်းဆက်ပိုးမွှားများကို အဓိကစားသုံး ရှင်သန်နေထိုင်ကြပါတယ်။ ပန်ဒါကြီးများရဲ့ ဆွေမျိုးအဖြစ် သတ်မှတ်ခံရဖူးပြီး ယခုအခါ သူတို့ကို Ailuridae မိသားစုရဲ့ တစ်မျိုးတည်းသော အဖွဲ့ဝင်အဖြစ် သတ်မှတ်ထားပါတယ်။

ပန်ဒါနီမှာ ပျော့ပျောင်းသော အမွေးများပါရှိပြီး အပေါ်မှာ အညိုရင့်ရောင်နှင့် အောက်ဘက်မှာ အနက်ရောင်များ ရှိပါတယ်။ မျက်နှာဟာ ဖြူဖွေးနေပြီး မျက်လုံးတစ်ဖက်စီမှ ပါးစပ်ထောင့်အထိ နီညိုရောင် အစင်းကြောင်းများ ရှိပြီး ထူထဲဟာ အမြီးဟာ ဖျတ်ခနဲ အသံမြည်နေတတ်ပါတယ်။။ ပန်ဒါနီရဲ့ ဦးခေါင်းနှင့် ကိုယ်ထည် အရှည်မှာ 50-65 cm (20-26 လက်မ) နှင့် အမြီး 30-50 cm (12-20 inches) ရှည်လျားပြီး အလေးချိန်မှာ 3 to 6.2 kg (6.5 to 14 ပေါင်) ရှိပါတယ်။ ခြေဖဝါးမှာ အမွေးအမှင်များပါရှိပြီး ခြေသည်းများလည်းရှိပါတယ်။

ပန်ဒါနီများကို အိန္ဒိယမြောက်ပိုင်း၊ တိဗက်၊ ဘူတန်နှင့် နီပေါလ်တောင်တန်းများ နေထိုင်တဲ့ ဟိမဝန္တာနီပန်ဒါ (Ailurus fulgens fulgens) နှင့် တရုတ်နိုင်ငံ စီချွမ်နှင့် ယူနန်ပြည်နယ်များမှာ နေထိုင်တဲ့ တရုတ်ပန်ဒါနီ (A. fulgens styani) ဆိုပြီး ပန်ဒါနီမျိုးစိတ်ခွဲနှစ်မျိုးရှိပါတယ်။ ဒီနို့တိုက်သတ္တဝါများကို မျိုးစိတ်တစ်ခုတည်းမှာ ရှေးယခင်ကတည်းက ခွဲခြားထားပေမယ့်လည်း သူတို့နှစ်ခုကြားရှိ DNA နှင့် ပုံသဏ္ဍာန်ဆိုင်ရာ ခြားနားချက်များဟာ A. fulgens နှင့် A. styani လို့ခေါ်တဲ့ သီးခြားမျိုးစိတ်နှစ်ခုအဖြစ် ပြန်လည်ခွဲခြားသတ်မှတ်ရန် လုံလောက်တယ်လို့ သိပ္ပံပညာရှင်အချို့က ပြောကြပါတယ်။

ပန်ဒါနီတွေဟာ တောင်တန်းတွေပေါ်က ကျောက်တုံးတွေကြား နဲ့ သစ်ပင်တွေပေါ်တက်ပြီး နေထိုင်တတ်ကြပါတယ်။ အစားစားချိန်မှာတော့ အများစုဟာ မြေကြီးပေါ်မှာရှိနေတတ်ပြီး သူတို့ဟာ မိသားစုရှိနေပေမယ့်လို့ တစ်ယောက်တည်းအမြဲနေတတ်ပါတယ်။ ယေဘူယျအားဖြင့် ရက်ပေါင်း 130 ခန့် ကိုယ်ဝန် ဆောင်ပြီးနောက် နွေဦးပေါက်မှာ မွေးဖွားပြီး ကလေးလေးယောက် သို့မဟုတ် နှစ်ယောက်ထိ မွေးဖွားနိုင်ပါတယ်။ တိရစ္ဆာန်ဟာ နူးညံ့သိမ်မွေ့ပြီး ယဉ်ပါးလွယ်ပေမယ့်လည်း ကိုင်တွယ်ရတာ‌တော့ ခက်ခဲတတ်ပါတယ်။ သူတို့ဟာ အလွန်ရေပန်းစားတဲ့ တိရစ္ဆာန်ရုံ တိရစ္ဆာန်ဖြစ်ပြီး တိရစ္ဆာန် ရောင်းဝယ်ရေးမှာ မကြာခဏ ပါဝင်လေ့ရှိပါတယ်။

သတင်းအရင်းမြစ်: Bitannica

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။