Black Widow ဆိုတဲ့ ပင့်ကူဟာ အမေရိကန်ပြည်ထောင်စုမှာ တွေ့ရတဲ့ အဆိပ်ရှိ ပင့်ကူအနည်းငယ်ထဲမှ တစ်မျိုးဖြစ်ပါတယ်။ သူ့မျိုးနွယ်ဟာ ပင့်ကူမျိုးနွယ်တင်မဟုတ်ပဲ မှက်များ၊ ပိုးမွှားများနှင့် ကင်းမြီးကောက်များနဲ့လဲ ချိတ်ဆက်ပါတယ်။ သူ့ရဲ့ ခန္ဓာကိုယ်ဟာ တစ်လက်မခွဲခန့်ရှည်လျားပြီး ခြေတံရှည်များရှိပါတယ်။ ပင့်ကူဟာ သူ့ရဲ့ အစာအိမ်ပေါ်မှာ နာရီမှန်ပုံသဏ္ဍာန်ရှိ အနီရောင်၊ လိမ္မော်ရောင် သို့မဟုတ် အဝါရောင် အမှတ်အသားဖြင့် တောက်ပပြီး သူရဲ့ အရောင်ကတော့ အနက်ရောင်ဖြစ်ပါတယ်။

Black Widow ပင့်ကူများနှင့် သူတို့ရဲ့ အမျိုးအနွယ်များကို ကမ္ဘာ့အနောက်ခြမ်းရှိ နေရာတိုင်းလိုလိုမှာ စိုစွတ်ပြီး မှောင်မိုက်တဲ့ နေရာများမှာ တွေ့ရှိနိုင်ပါတယ်။ သူတို့အကြိုက်ဆုံးနေရာတွေကတော့ ထင်းပုံးတွေ၊ သစ်ငုတ်တွေ၊ အမှိုက်ပုံးတွေ၊ သိုလှောင်တဲတွေ၊ သစ်သီးနဲ့ ဟင်းသီးဟင်းရွက်ဥယျာဉ်တွေ၊ ကျောက်နံရံတွေနဲ့ ကျောက်ဆောင်တွေအောက်ပဲဖြစ်ပါတယ်။

သူတို့အိမ်ထဲဝင်လာရင်တော့ ဗီရိုထောင့်၊ ကားဂို‌ဒေါင် ဒါမှမဟုတ် ပရိဘောဂတွေရဲ့နောက်ကွယ်မ မှောင်မည်းတဲ့နေရာတွေဆီကို သွားပါလိမ့်မယ်။ သူတို့ဟာ သဘာဝအားဖြင့် ရှက်တတ်ပြီး ပိတ်မိနေချိန် သို့မဟုတ် မတော်တဆ ထိမိတဲ့ အခါမှသာ ကိုက်တတ်ပါတယ်။ ပင့်ကူကိုက်ခံရတဲ့ သူဟာ တခါတရံ ပင်အပ်ထိုးခံရသလိုပဲ ခံစားရနိုင်တာကြောင့် ဒါကို ချက်ချင်း မသိနိုင်ပါဘူး။ မိနစ် 30 မှ 40 ကြာပြီးနောက် အကိုက်ခံရတဲ့ နေရာဟာ ဖောင်းလာပြီး နာကျင်လာကာ တစ်ခါတစ်ရံမှာ လူတစ်ကိုယ်လုံး နာကျင်လာနိုင်ပါတယ်။

သတင်းအရင်းမြစ်: Kids health

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။