စူပါဟီးရိုး “Spider-Man” ဟာ သူ့ရဲ့ လက်ကောက်ဝတ်ကနေ ပင့်ကူမျှင်များကို အဆောက်အဦများကြားနဲ့ ရန်သူတွေကို ပစ်နိုင်ပါတယ်။ ဒါပေမယ့် တကယ့်ပင့်ကူမျှင်ရဲ့ အစွမ်းကိုသိပါသလား။ တကယ့်ပင့်ကူမျှင်ဟာ သံမဏိထက် ပိုမိုခိုင်ခံ့တဲ့ စွမ်းဆောင်ရည်မြင့် ပစ္စည်းဖြစ်ပြီး အပူဒဏ်ခံနိုင်ရည်အား မြင့်မားပါတယ်။ အဲ့လို မှော်မျှင်ဖိုက်ဘာကို ကမ္ဘာပေါ်မှာ ပထမဆုံးအကြိမ်အဖြစ် ဂျပန်အကျိုးတူကုမ္ပဏီတစ်ခုက ဖန်တီးနိုင်ခဲ့ပါတယ်။

ကမ္ဘာတစ်ဝှမ်းရှိ သုတေသီများ ရှာဖွေတွေ့ရှိခဲ့တဲ့ ဒီပစ္စည်းအသစ်ဟာ စိတ်ကူးယဉ်မှုမဟုတ်တော့ဘဲ စက်မှုထုတ်ကုန်များစွာမှာ အသုံးပြုဖို့ သတ်မှတ်ထားပါတယ်။ ရုပ်ရှင်ထဲမှာ Spider-Man က ရထားတစ်စင်းကို ရပ်တန့်ဖို့ ပင့်ကူမျှင်တွေကို အသုံးပြုထားပါတယ်။ လက်တွေ့ဘဝ ပင့်ကူမျှင်ဟာ ခွန်အားအတွက် အံ့သြဖွယ်ကောင်းအောင် သန်မာပါတယ်။။

အချင်း ၁ စင်တီမီတာရှိတဲ့ ပင့်ကူမျှင်နဲ့ ဝဘ်တစ်ခုကို လုပ်မယ်ဆိုရင် ပုစဉ်း ဒါမှမဟုတ် ဂျမ်ဘိုလို လိပ်ပြာကို ဖမ်းဖို့ ခွန်အားရှိပါလိမ့်မယ်။ ပင့်ကူမျှင်ဟာ နိုင်လွန်လိုမျိုး ပျော့ပျောင်းပြီး တူညီတဲ့ ခိုင်ခံ့မှုရှိကာ သံမဏိထက် ခြောက်ဆပိုမိုပေါ့ပါးပြီး အပူချိန် 300 ဒီဂရီစင်တီဂရိတ်ကို ခံနိုင်ရည်ရှိပါတယ်။ တကယ်ကို ပင့်ကူမျှင်တွေဟာ မှော်မျှင်တစ်မျိုးပါပဲ။

သတင်းအရင်းမြစ်: Science alert

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။