သြစတြေးလျပိုင် ခရစ္စမတ်ကျွန်းမှာ ဒီအချိန် ကဏန်းနီတွေ ပြောင်းရွေ့နေထိုင်ကြတဲ့ အချိန်ဖြစ်ပါတယ်။ သိန်းနဲ့ ချီတဲ့ ကဏန်းနီတွေဟာ မိတ်လိုက်မှုနဲ့ ဥချဖို့အတွက် အပူပိုင်းမိုးသစ်တောများကနေ ပင်လယ်ကမ်းခြေအထိ ရွေ့ရွေ့ရွေ့ရွေ့နဲ့ ပြောင်းရွှေ့နေကြပြီဖြစ်ပါတယ်။
ကဏန်းနီးတွေ ပြောင်းရွှေ့သွားလာနေတဲ့ လမ်းမပေါ်တွေကို လမ်းအသုံးပြုသူများ သတိထားရှောင်တိမ်းနိုင်အောင် သတိပေးဆိုင်းဘုတ်တွေထားရှိသလို လမ်းတွေပိတ်ထားရတဲ့ အခါတွေလည်း ရှိပါတယ်။ အချို့နေရာတွေမှာတော့ ကဏန်းနီတွေအတွက် လမ်းမပေါ်တွေမှာ ဂုံးကျော်တံတားတွေ ဆောက်လုပ်ပေးထားတာတွေလည်း ရှိပါတယ်။
ကဏန်းနီတွေဟာ နှစ်စဉ် ယခုလိုအချိန်မှာ နေထိုင်ရာ တောအုပ်ကနေ ပင်လယ်ကမ်းခြေမှာ မျိုးဥချဖို့ ခရီးဆက်ကြပါတယ်။ ကဏန်းနီ အမတစ်ကောင်ဟာ ပင်လယ်ထဲကို မျိုးဥ ၁ သိန်းလောက် ဥချပါတယ်။ ၃ လလောက်ကြာပြီးတဲ့နောက်မှာတော့ အဲဒီမျိုးဥကနေပေါက်လာတဲ့ ကဏန်းပေါက်ကလေးတွေက သူတို့မိဘတွေ လာခဲ့တဲ့ မိုးသစ်တောထဲကို ပြန်သွားဖို့ ကမ်းခြေကနေ တက်ခဲ့ကြပါတယ်။
သတင်းအရင်းမြစ်: Source - BBC / ABC News
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။