အနောက်တိုင်းမှာ လေတက်တာကို မယဉ်ကျေးဘူးလို့ ယူဆကြပါတယ်။ တရုတ်၊ အီဂျစ်၊ ထိုင်ဝမ်တို့လို့ အခြားနိုင်ငံများမှာ လေတက်ခြင်းဟာ စားဖိုမှူးတစ်ဦး ရရှိနိုင်တဲ့ အမြင့်ဆုံး ချီးကျူးမှုတစ်ခုဖြစ်ပါတယ်။ ဒါဟာသူတို့တွေအနေနဲ့ ကောင်းမွန်တဲ့ စားသောက်မှုကျင့်ဝတ်လို့ သတ်မှတ်ထားကြလို့ပါပဲ။

ဘာပဲဖြစ်ဖြစ် ဒါဟာ စားသောက်နေစဉ်အတွင်း မျိုချထားတဲ့ လေတွေကို ဖယ်ရှားဖို့ သဘာဝနဲ့ ကျန်းမာတဲ့ နည်းလမ်းတစ်ခု ဖြစ်ပါတယ်။ စားသောက်ပြီးလေတက်တာဟာ သင့်အနေနဲ့ ကျေနပ်လို့ ပျော်ရွှင်လို့ လေတက်ကြတာမျိုးပါ။ လူသားတွေ DNA ရဲ့ 96% ခန့်ကို မျောက်ဝံများနဲ့ မျှဝေထားတာကြောင့် ပျော်ရွှင်နေချိန်မှာ ဂေါ်ရီလာများ လေတက်သလားဆိုတာဟာ တွေးဖို့အတွက် သဘာဝကျပါတယ်။

သူတို့က စားပြီးတော့မှ လေတက်တာမျိုးမဟုတ်ကြပါဘူး။ ပျော်ရွှင်မှုကို ခံစားရတဲ့အခါ ဂေါ်ရီလာတွေဟာ လေတက်လာကြပါတယ်။ သူတို့ပြုလုပ်တဲ့အသံဟာ ပျော့ပျောင်းတဲ့ လေချဉ်တက်သံထက် ရှည်လျားပြီး ပိုနက်နဲတဲ့အသံပါ။ အုပ်စုထဲမှာ အကြီးဆုံး မျောက်ဝံသာ ဒီလိုလေတက်မယ်ဆိုရင် တခြားအကောင်တွေပါ လိုက်ပြုလုပ်လေ့ရှိပါတယ်။ သူတို့ ပိုပျော်တဲ့အခါ သူတို့ရဲ့လေတက်သံဟာလည်း ပိုကျယ်လာလေပါပဲ။

သတင်းအရင်းမြစ်: the daily wildlife

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။