ကြောင်ကြီးများဟာ ကမ္ဘာပေါ်မှာ ချစ်စရာအကောင်းဆုံးဖြစ်တဲ့ တောရိုင်းတိရစ္ဆာန်မျိုးစိတ်များထဲမှ တစ်ခုလည်း ဖြစ်ပါတယ်။ ကမ္ဘာပေါ်မှာတော့ တောကြောင်မျိုးစိတ်ပေါင်းက ၄၀ လောက်ရှိပေမယ့် အများစုကတော့ သင်ကြားဖူးမှာ မဟုတ်ပါဘူး။

Photo Credit – From Google

တောကြောင်မျိုးစိတ်များမှာ အချို့က ကျားတစ်ကောင်ရဲ့ အရွယ်အစားမျှရှိကြပေမယ့် အများစုက သာမန်ကြောင်အရွယ်အစားမျှသာပဲ ရှိကြပါတယ်။ ဒါပေမယ့် သူတို့အားလုံးကတော့ ညအချိန်တွေမှာပဲ တွေ့ရတာပါ။

Photo Credit – From Google

အဲ့ဒီတောကြောင် မျိုးစိတ်တွေထဲမှ အရောင်အသွေးနှင့် အရွယ်အစားမှာ ဆွဲဆောင်မှုရှိတဲ့ မျိုးစိတ်ကတော့ Pallas လို့အမည်ရတဲ့ တောကြောင်ပါ။ ဒီမျိုးစိတ်ကို Pallas လို့ ခေါ်ပေမယ့် "grumpy cat" လို့ပဲ အနောက်နိုင်ငံတွေမှာ လူသိများကြတာပါ။

Photo Credit – From Google

သူတို့ကို သေချာကြည့်ရင်တော့ ဒေါသကြီးပြီး စိတ်ဆိုးနေတဲ့ ပုံစံမျိုးကြပါ။ ဟုတ်ပါတယ်... Pallas တောကြောင်တွေက တကယ်လည်း ဒေါသကြီးကြပါတယ်။ သားကောင်တွေကို ချောင်းမြောင်းနေကြတဲ့ အခါမှာ သူတို့က တစ်ကောင်တည်းပဲ လှုပ်ရှားကြပြီး အများအားဖြင့် အလွန်မြင့်မားတဲ့ တောင်တန်းများပေါ်မှာ ကျင်လည်ကျက်စားကြတာ ဖြစ်ပါတယ်။

Photo Credit – From Google

နောက်တစ်ခုက အခြားကြောင်မျိုးစိတ်တွေနဲ့ မတူတာကတော့ သူတို့မှာ ထူပိန်းပြီး ရှည်လျားတဲ့ အမွေးများရှိပါတယ်။ အဲ့ဒီအမွေးတွေကြောင့်ပဲ မသိရင် အရွယ်အစားအရ ကြီးတယ်လို့ ထင်ရပါတယ်။ တကယ်တော့ သူတို့က သာမန်အိမ်ကြောင်တစ်ကောင်ထက်တော့ ပိုမကြီးပါဘူး။

Photo Credit – From Google

ဒါပေမယ့် သူတို့နားရွက်လေးတွေကတော့ အရမ်းသေးငယ်ပါတယ်။ တောကြောင် ဆိုပေမယ့် တကယ့်တော့ ချစ်စရာကောင်းပါတယ်။ ကြောင်ချစ်သူတွေဆိုရင်တော့ သဘောကျမယ်လို့ ထင်ပါတယ်။

Photo Credit – From Google

သတင်းအရင်းမြစ်: Source - blog.nature

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။