မင်းသမီး ခိုင်နှင်းဝေဟာဆိုရင် အနယ်နယ်အရပ်ရပ်က မိဘမဲ့၊ စောင့်ရှောက်သူမဲ့ ရင်သွေးငယ်လေးတွေကို တာဝန်ယူ စောင့်ရှောက်ပေးနေတဲ့သူဖြစ်ပါတယ်။ အခုတစ်ယောက်မှာလည်း ခိုင်နှင်းဝေက လှည်းကူးမြိုနယ်၊ ရွာထိပ်က အမှိုက်ကန်ထဲမှာ စွန့်ပစ်ခြင်း ခံခဲ့ရတဲ့ နှုတ်ခမ်းကွဲ ၊ အာခေါင်ကွဲ မွေးကင်းစ သမီးငယ်လေးအတွက် စိတ်မကောင်းဖြစ်နေပါတယ် ။

Google
Khine Hnin Wai's Facebook

သမီးငယ်လေးကိုလက်ရှိမှာ ကျေးရွာမှ သက်ဆိုင်ရာ တာဝန်ရှိသူတွေက စောင့်ရှောက်ပေးထားတယ်လို သိရပါတယ်။ မင်းသမီးခိုင်နှင်းဝေက နှာခေါင်းကွဲ ၊ အာခေါင်ကွဲ ရောဂါက ကြောက်စရာမလိုဘဲ ကုသလိုရတာကြောင့် ကလေးမိဘများ အနေ နဲ့ ငွေကြေးကြောင့် စွန့်ပစ်ခဲ့ခြင်း ဆိုပါက သူမ အနေနဲ့ သိန်း (၂၀) ကျပ်ကို ထောက်ပံ့ကူညီပေးသွားမှာ ဖြစ်ပါတယ်လို ဆိုပါတယ်။ ကလေးမိဘများကို နီးစပ်ရာများမှ နားချပြီး ကူညီပေးဖိုအတွက်လည်း ခိုင်နှင်းဝေက တိုက်တွန်းထားပါသေးတယ်။

Khine Hnin Wai's Facebook
Khine Hnin Wai's Facebook
Khine Hnin Wai's Facebook

ချက်ကြိုးတန်းလန်းလေးနဲ့ လူ့လောကို ရောက်ရောက်ချင်းမှာ အမှိက်ပုံထဲ စွန့်ပစ်ခံခဲ့ရတဲ့ သမီးလေးအတွက် လူအများကလည်း စိတ်မကောင်းဖြစ်နေကြပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။