သမိုင်းစာမျက်မှာ ရှေးခေတ်က အထင်ကရ ပိရမစ်များရှိတဲ့နိုင်ငံလို့ ပြောလိုက်တာနဲ့ လူ ၁၀၀ မှာ ၉၅ ယောက်က အီဂျင်နိုင်ငံလို့ ပြောကြမှာပါ။ အီဂျင်နိုင်ငံဟာ လျှို့ဝှက်ဆန်းကြယ်ပြီး ရှေးကျတဲ့ ပိရင်မစ်အဆောက်အအုံများစွာ တည်ရှိရာ နေရာလည်းဖြစ်ပါတယ်။

Photo Credit – From Google
Photo Credit – From Google

လူတော်တော်များများက ယနေ့အချိန်ထိ ပိရမစ်အများဆုံးရှိတဲ့ နေရာက အီဂျစ်လို့ပဲ သိထားကြတာပါ။ အမှန်တော့ ကမ္ဘာပေါ်မှာ အထင်ကရ ပိရမစ်များ အများဆုံးရှိတဲ့ နေရာက ဆူဒန်ပါ။ ဆူဒန်ဟာ အီဂျစ်ထက် ပိရမစ်အဆောက်အအုံးတွေက ပိုများပါတယ်။

Photo Credit – From Google

အီဂျစ်နိုင်ငံရှိ ရှေးဟောင်းပိရမစ်အရေအတွက်ဟာ ဆူဒန်နှင့် နှိုင်းယှဥ်ပါက အကြမ်းဖျင်းအားဖြင့် ၁၃၈ ခုလောက်ပဲရှိတာပါ။ ဆူဒန်မှာတော့ မှတ်တမ်းများအရဆိုရင် ရှေးဟောင်း အထင်ကရ ပိရမစ်က ၂၀၀ မှ ၂၅၀ ကြားရှိတာကြောင့် ကမ္ဘာပေါ်မှာ ပိရမစ်အများဆုံးရှိတဲ့ နိုင်ငံဖြစ်ပါတယ်။

Photo Credit – From Google

ဆူဒန်နိုင်ငံမှာတော့ နိုင်ငံရဲ့ အရှေ့ဘက်ရှိ သဲကန္တာရမှာ တည်ရှိပြီး Nubian Pyramids ဘုရင့်ရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်တဲ့ Meroe ပိရမစ်များဟာ အီဂျစ်နိုင်ငံရဲ့ အံ့ဖွယ်ပိရမစ်တွေထက် များစွာနောက်ကျခဲ့ပြီးမှ တည်ဆောက်ခဲ့တာ ဖြစ်ပါတယ်။

Photo Credit – From Google
Photo Credit – From Google

သတင်းအရင်းမြစ်: Source - travelnoire

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။