Axolotl အကောင်လေးတွေက neotenic လို့ခေါ်တဲ့ ပုတ်သင်မျိုးစိတ်ဖြစ်လို့ ကမ္ဘာ့အထူးခြားဆုံး ပုတ်သင်မျိုးစိတ်အဖြစ် သတ်မှတ်ခံထားရတာ ဖြစ်ပါတယ်။ အချို့ကတော့ 'မက္ကဆီကန် လမ်းလျှောက်ငါး' လို့လည်း ခေါ်ကြပါတယ်။ လူအများအပြားက သူတို့ကို ရေးထဲမှာ အမြဲတွေ့လို့ ငါးလို့ပဲ ထင်ကြတာပါ။ တကယ်တော့ ဒီကောင်လေးတွေက ငါးမဟုတ်ကြပါဘူး။ ကုန်းရောရေပါ နေထိုင်တဲ့ သတ္တဝါဖြစ်ပါတယ်။

 Photo Credit – From Google
 Photo Credit – From Google

မသိရင်တော့ ဖားတစ်ပိုင်း ငါးတစ်ပိုင်း လေးတွေနဲ့ တူပါတယ်။ ဒါပေမယ့် လက်ကလေးတွေ ခြေထောက်လေးတွေကတော့ ဖား ခြေလက်တွေနဲ့ဆင်တူပါတယ်။ Axolotl လေးတွေက ရောင်စုံ ကိုယ်ရည်ကိုယ်သွေးတွေရှိကြသလို ဦးခေါင်းတစ်ဖက်တစ်ချက်စီမှာလည်း ဦးချိုလို  အမွေးအခက်များရှိကြပါတယ်။

 Photo Credit – From Google
 Photo Credit – From Google

ပြီးတော့ အရွယ်ရောက်ပြီးတဲ့ Axolotl တစ်ကောင်ဟာ အရှည် ၁၅ -၄၅ စင်တီမီတာ ၊ အလေးချိန် ၀.၀၆ မှ ၀.၁ ကီလိုဂရမ်ခန့် အလေးချိန်ရှိကြပါတယ်။ အများသောအားဖြင့် Axolotl လေးတွေကို မက္ကဆီကိုက ရေချိုအိုင်တွေ ၊ ကန်များမှာ တွေ့ရှိနိုင်ပါတယ်။ ပညာရှင်တွေရဲ့ လေ့လာချက်အရ Axolotl လေးတွေဟာ နို့တိုက်သတ္တဝါတွေထက် ကင်ဆာကို အဆ ၁,၀၀၀ ကျော် ခံနိုင်ရည်ရှိတယ်လို့ ဆိုပါတယ်။

 Photo Credit – From Google
 Photo Credit – From Google

သတင်းအရင်းမြစ်: Source - reddit

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။