မမွေးသေးတဲ့ ကလေးများမှအစ အသက်အကြီးဆုံး အဘိုးအဘွားများအထိ လူတိုင်း သမ်းကြပါတယ်။ တိရစ္ဆာန်တွေလည်း အတူတူပါပဲ။ ဒါပေမယ့် လူနှင့်တိရိစ္ဆာန်များ ဘာကြောင့် သမ်းကြတာလဲ။ ဘယ်သူမှ သေချာမသိပါဘူး။ ဒါပေမယ့် လူတွေ ဘာကြောင့် သမ်းရသလဲဆိုတဲ့ သီအိုရီတွေ အများကြီးရှိပါတယ်။တစ်ခုက ပျင်းတဲ့အခါ ဒါမှမဟုတ် မောပန်းတဲ့အခါ ပုံမှန်လုပ်သလောက် လေးလေးနက်နက် အသက်မရှူကြပါဘူး။

ဒီသီအိုရီအရ ကျွန်‌တော်တို့ရဲ့ခန္ဓာကိုယ်ဟာ အသက်ရှူမှု နှေးသွားတာကြောင့် အောက်ဆီဂျင်ကိုလျော့နည်းစေပါတယ်။ ဒါကြောင့် သမ်းခြင်းဟာ ကျွန်‌တော်တို့ရဲ့ သွေးထဲကို အောက်ဆီဂျင်ပိုမိုယူဆောင်စေပြီး သွေးထဲမှ ကာဗွန်ဒိုင်အောက်ဆိုဒ်ကို ပိုမိုရွေ့လျားစေပါတယ်။ထို့ကြောင့် သမ်းခြင်းဟာ ကျွန်‌တော်တို့ရဲ့ အောက်ဆီဂျင်နှင့် ကာဗွန်ဒိုင်အောက်ဆိုဒ်အဆင့်ကို ထိန်းချုပ်ရန် ကူညီပေးဖို့အတွက် မလိုလားအပ်တဲ့ တုံ့ပြန်မှုတစ်ခု (ကျွန်တော်တို့ အမှန်တကယ် မထိန်းချုပ်နိုင်တဲ့ အရာတစ်ခု) ဖြစ်ပါတယ်။

အသံကကြားရတာ ကောင်းပေမယ့် အခြားလေ့လာမှုတွေအရ အောက်ဆီဂျင်ပိုရှူတာက သမ်းတာကို လျော့မသွားဘူးလို့ ဆိုပါတယ်။အဲ့ဒီလိုပဲ ကာဗွန်ဒိုင်အောက်ဆိုဒ်ကို များများရှူရှိုက်ခြင်းဟာ ပိုမို မသမ်းစေပါဘူးတဲ့။

နောက်သီအိုရီတစ်ခုကတော့ သမ်းတာဟာ အဆုတ်နဲ့ အဆုတ်တစ်သျှူးတွေကို ဆန့်တန်းစေပါတယ်။ ဆန့်တန်းခြင်းနှင့် သမ်းခြင်းဟာ ကြွက်သားများနှင့် အဆစ်များကို ဆန့်ထုတ်ရန်၊ နှလုံးခုန်နှုန်းကို တိုးစေပြီး ပိုမိုနိုးကြားလာစေတဲ့ နည်းလမ်းတစ်ခု ဖြစ်နိုင်ပါတယ်။

သမ်းခြင်းဟာ အဆုတ်အတွင်းမှာ ချောနေစေပြီး ပြိုကျမှုမဖြစ်စေရန် ကူညီပေးတဲ့ ( surfactant လို့ခေါ်တဲ့ ) အဆီလိုမျိုး ဓာတ်ကို ပြန်လည်ဖြန့်ဝေရန် အကာအကွယ် တုံ့ပြန်မှုတစ်ခုဖြစ်တယ်လို့ အခြားလူများက ယုံကြည်ကြပါတယ်။ ဒါကြောင့် ကျွန်တော်တို့တွေ မသမ်းပါက ဒီသီအိုရီအရဆို အသက်ပြင်းပြင်းရှူခြင်းဟာ ပိုပြီး ခက်ခက်ခဲခဲ ဖြစ်လာမှာပါ။

ဒါပေမယ့် လူတိုင်းသိတဲ့ သမ်းခြင်းနဲ့ပတ်သက်တဲ့ အယူအဆတစ်ခုရှိပါတယ်။ ဒါက ကူးဆက်တတ်တာမျိုးပါ။ တကယ်လို့ သင်ဟာ အတန်းထဲမှာ သမ်းမိမယ်ဆို တခြားလူတွေလည်း စတင်သမ်းပါလိမ့်မယ်။ သင်သမ်းတဲ့အကြောင်းကို စဉ်းစားမိရင်တောင် သင်ဟာ သမ်းမိပါလိမ့်မယ်။ သင်ရော ဒီ Article ကိုဖတ်ပြီး ဘယ်နှခါ သမ်းပြီးပြီလဲ။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။