အသက် ၂၈ နှစ်အရွယ် Kim ဟာဆိုရင် မိန်းမနဲ့သမီးငယ်လေးကို လူအုပ်ကြားထဲက လွတ်တဲ့နေရာကို တွန်းပို့ပြီး နောက်မှာ သူကိုယ်တိုင် အသက် ဆုံးရှုံးသွားခဲ့ရတဲ့သူဖြစ်ပါတယ်။ အောက်တိုဘာလ ၂၉ ရက်နေ့မှာ ကျင်ပခဲ့တဲ့ အီထယ်ဝန်က သရဲများနေ့ပွဲတော်မှာ လူပိသေဆုံးမှုကြီးဖြစ်ပွားခဲ့ပြီး လူပေါင်း ရာနဲ့ချီဆုံးရှုံးခဲ့ရပါတယ်။ အဲဒီထဲမှာ Kim လို့ခေါ်တဲ့ အသက် ၂၈ နှစ်အရွယ် Gym Trainer တစ်ယောက်လည်း ပါဝင်သွားခဲ့ပါတယ်။ Kim ရဲ့ ဈာပနပွဲကို ဆိုးလ်တက္ကသိုလ်ဆေးရုံက အသုဘခမ်းမမှာ ကျင်းပခဲ့ပါတယ်။  

Google

ဗလတောင့်တောင့်နဲ့ အားသန်တဲ့ Fitness trainer Kim က အီထယ်ဝန် ဟောလိုးဝင်းပါတီပွဲကို မိန်းမဖြစ်သူနဲ့သမီးလေးဖြစ်သူနဲ့အတူ သွားခဲ့တာဖြစ်ပြီး တဖြည်းဖြည်းသွားရင်းနဲ့ လူအုပ်ကြားထဲ ပါသွားခဲ့တာလို့ သိရပါတယ်။

Google

လူအုပ်ထဲကို ရောက်သွားတဲ့အချိန်မှာ Kim တို့မိသားစု ကြီးမားလှတဲ့ လူအုပ်ကြားထဲမှာ ပိမိနေတာကြောင့် Kim ကမိန်းမနဲ့ သမီးလေးကို လူအုပ်ကြားထဲကနေ အဝေးကို တွန်းပို့ခဲ့တာဖြစ်တယ်လို့ Kim ရဲ့ သူငယ်ချင်းဖြစ်သူက ဆိုပါတယ်။

Kim က သမီးလေးနဲ့ မိန်းမဖြစ်သူကို ကယ်တင်လိုက်နိုင်ပေမယ့် သူကိုယ်တိုင် မကယ်တင်နိုင်ခဲ့ပဲ လူပင်လယ်ကြီးထဲမှာ နစ်မြုပ်ခဲ့တယ်လို့ သိရပါတယ်။ 

Google

အင်တာနက် အသုံးပြုသူတွေက အကြောင်းအရင်းအမှန်ကို သိရှိပြီးနောက်မှာ Fitness trainer ကြီး Kim ကို ထူးခြားကောင်းမွန်လှတဲ့ ခင်ပွန်းနဲ့ ဖခင်ကောင်းတစ်ယောက်အဖြစ် ဂုဏ်ပြုပေးခဲ့ကြပါတယ်။

Source - lovekpop95 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။