တောင်ကိုရီးယားနိုင်ငံမှာ မကြာသေးမီက ပြန့်နှံ့လာခဲ့တဲ့ သတင်းတွေဟာဆိုရင် ပရိသတ်တွေကြားမှာ နာမည်ကြီးလူစိတ်ဝင်စားမှုမြင့်တက်လျက်ရှိပါတယ်။ 

Kbizoom

Woman Sense သတင်းဌာနရဲ့ကြေညာချက်အရ တောင်ကိုရီးယားနာမည်ကြီးမင်းသားတစ်ဦးမှ တက်သစ်စမင်းသမီးတစ်ဦးကို သူနဲ့တွဲဖို့အတွက် ရည်းစားစကားပြောခဲ့တယ်လို့ သိရပါတယ်။ 

ထိပ်တန်း ကြယ်ပွင့် A လို့အစားထိုးနာမည်ပေးထားခြင်းခံရသည့် မင်းသားမှ တက်သစ်စမင်းသမီး B ရဲ့ ဖုန်းနံပါတ်ပါရရှိထားပြီး မင်းသမီးကို တစ်ချိန်တစ်ခါလောက်တွေ့ချင်ကြောင်း ၊ သူမဆီက ဖုန်းပြန်ဆက်လာသည့်အချိန်ကိုမျှော်နေကြောင်း ၊ စာတွေကို လူမှုကွန်ရက်စာမျက်နှာပေါ်ကတဆင့် အကြိမ်ကြိမ် ပို့ခဲ့တယ်လို့ သိရပါတယ်။ 

Kbizoom

ထို့နောက် ချစ်သူရှိလား ၊ ငါနဲ့တွေ့ချင်လား စသဖြင့် စာသားများကိုပါ တစ်ဆင့်တစ်ဆင့် ပိုမြင့်ပြီးပို့လာတယ်လို့ သိရပါတယ်။ တက်သစ်စမင်းသမီးအနေနဲ့ကတော့ အသက်ကြီးကြီး ယောကျာ်းကြီးနဲ့ မတွဲလိုကြောင်း နဲ့ သူမကို မနှောင့်ယှက်စေလိုကြောင်း စာများကိုသာ ပြန်ပို့ခဲ့တယ်လို့ သိရပါတယ်။ 

Kbizoom

သတင်းတွေအရ အဆိုပါ နာမည်ကြီးမင်းသားမှာ အချိန်အကြာကြီး လူသိရှင်ကြား တွဲနေတဲ့ ချစ်သူရှိနေပြီးမင်းသမီးဟာဆိုရင်လည်း တက်သစ်စတွေထဲမှာ နာမည်တော်တော်လေးကြီးတဲ့သူဖြစ်တယ်လို့ သိရပါတယ်။လက်ရှိအချိန်မှာတော့ Woman Sense မဂ္ဂဇင်းက သတင်နဲ့ပတ်သက်ပြီး ခန့်မှန်းချက်တွေ အမျိုးမျိုး ထွက်ရှိနေပါတယ်။ 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။