ပုရွက်ဆိတ်များဟာ ကိုလိုနီအဖြစ်လုပ်ဆောင်တဲ့ Formicidae မိသားစုမှ ဆင်းသက်လာတဲ့ ကျောရိုးမဲ့ အင်းဆက် ဖြစ်ပါတယ်။ ကိုလိုနီဆိုတာက အစုအဖွဲ့များစုဖွဲ့စည်းပြီး လုပ်ငန်းဆောင်တာများ ကိုယ်စီအသီးသီးခွဲယူကာ အသိုက်များဆောက်ကြတဲ့ အဖွဲ့ကို ဆိုလိုတာပါ။

Photo Credit – From Google

ပုရွက်ဆိတ်တွေက သူတို့ရဲ့ လုပ်ငန်းဆောင်တာများ လုပ်ဆောင်နေတဲ့အခါမှာ တစ်ကောင်နဲ့တစ်ကောင် အချင်းချင်းအပြန်အလှန် ဆက်သွယ်မှုက လျင်မြန်စွာလုပ်ဆောင်နိုင်ကြတာကို သင်လည်း သတိပြုမိမှာပါ။ တစ်ခါတလေ ကျွန်တော် တွေးမိတာက ပုရွက်ဆိတ်တွေ အချင်းချင်း ဒီလိုဆက်သွယ်မှု လျင်မြန်စွာလုပ်ဆောင်နိုင်ကြတဲ့ အပေါ် သူတို့မှာ နားတွေပါလို့လား...၊ အသံရော ကြားနိုင်ကြသလားဆိုတာပါ။

Photo Credit – From Google

ပုဆိတ်တွေက အရမ်းသေးငယ်တဲ့ အင်းဆက်များဖြစ်လို့ သူတို့မှာ နားပါလား မပါဘူးလားဆိုတာကို ကျွန်တော်တို့တွေ့ အလွယ်တကူ မမြင်နိုင်ကြပါဘူး။

ပုရွက်ဆိတ်များဟာ အခြားအထီးကျန်တိရိစ္ဆာန်များထက် သာလွန်ကောင်းမွန်နေစေတဲ့ လူမှုရေးရှိကြတဲ့ အင်းဆက်များလို့လည်း ဆိုကြပါတယ်။

Photo Credit – From Google

သူတို့က ကျွန်တော်တို့ လူသားတွေအပြင် အခြားတိရစ္ဆာန်များနှင့် မတူတဲ့ အတွက်ကြောင့် အသံထွက်တဲ့ ဖွဲ့စည်းပုံဆိုင်ရာမှာ ကြားနာခြင်းမျိုးမရှိကြပါဘူး။ ဒါကြောင့် သူတို့မှာ နားမရှိကြတာပါ။ နားမပါပေမယ့် တစ်ကောင်နဲ့တစ်ကောင် မကြားရလို့ မဆက်သွယ်နိုင်ကြဘူးလို့လည်း မဆိုလိုပါဘူး။

Photo Credit – From Google
Photo Credit – From Google

လူသားတွေအတွက် အကြားအာရုံဟာ နားဖြင့်သာ ကြားရနိုင်ပေမယ့် ပုရွက်ဆိတ်များကတော့ အဲ့လိုမဟုတ်ကြပါဘူး။ သူတို့ရဲ့ ကိုယ်ခန္ဓာဖွဲ့စည်းပုံ ၊ အစိတ်အပိုင်းများနှင့် ယန္တရားများကနေတဆင့် အာရုံခံစားမှုကို ကြားနိုင်ပြီး အချက်ပြတာတွေကိုလည်း သိရှိကြတာ ဖြစ်ပါတယ်။ ပုရွက်ဆိတ်ခန္ဓာကိုယ်မှာ ရှိတဲ့  အင်တင်နာဟာ တုန်ခါမှုနှင့် အသံများကို အာရုံခံနိုင်စေဖို့ ကူညီပေးတာ ဖြစ်ပါတယ်။ ဒါကြောင့် သူတို့က နားမပါပေမယ့်လည်း အသံကို ကောင်းကောင်းကြီးကြားနိုင်ကြတာ ဖြစ်ပါတယ်။ 

Photo Credit – From Google

သတင်းအရင်းမြစ်: Source - animalvivid

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။