ကြိုးကြားတွေဟာ များသောအားဖြင့် ပန်းရောင်တောက်တောက် အမွေးများဖြင့် ဖုံးအုပ်ထားတဲ့ ခြေရှည်ငှက်များဖြစ်ပါတယ်။ စပိန် သို့မဟုတ် ပေါ်တူဂီစကားမှ ဆင်းသက်လာကာ “မီးရောင်” လို့ အဓိပ္ပာယ်ရတဲ့ အမည်နဲ့ ငှက်များဟာ သူတို့ရဲ့ တက်ကြွတဲ့အသွင်အပြင်ကြောင့် လူသိများပါတယ်။ ပန်းရောင် အမွှေးများဟာ သူတို့ရဲ့ အကျော်ကြားဆုံး အရည်အသွေးဖြစ်ပေမယ့်လည်း မျိုးရိုးလိုက်တဲ့ လက္ခဏာတစ်ခု မဟုတ်ပါဘူး။ တကယ်တော့ ကြိုးကြား‌တွေဟာ မီးခိုးရောင်မှိုင်းမှိုင်း အမွှေးတွေပါ။ ဆိုတော့ သူတို့တွေက DNA အရမဟုတ်ပဲ ဘာလို့ အပန်းရောင်ဖြစ်နေကြတာလဲ။

ကြိုးကြားတွေအတွက် "You are what you eat" ဆိုတဲ့ စကားစုဟာ သူတို့အတွက် သိပ်ကိုမှန်ပါတယ်။ ကြိုးကြားတွေရဲ့ တောက်ပတဲ့ ပန်းရောင်အရောင်ဟာ ရေညှိများအတွင်း အများအပြားတွေ့ရှိရတဲ့ အနီရောင် လိမ္မော်ရောင် ဘီတာကာရိုတင်းမှ ဆင်းသက်လာကာ ရေညှိများ၊ ဆားရည်အိုင် ယင်ကောင်များနှင့် ကြိုးကြားများရဲ့ ပတ်ဝန်းကျင်မှာ စားသုံးတဲ့ ဆားရည်ပုဇွန်များမှ ဆင်းသက်လာပါတယ်။ အစာခြေစနစ်မှာ အင်ဇိုင်းများဟာ ကာရိုတင်းနွိုက်များကို အသည်းအတွင်းရှိ အဆီများက စုပ်ယူကာ ဖလူမင်ဂိုများ၊ အမွေးများနှင့် အရေပြားများမှာ စုဆောင်းထားတဲ့ ရောင်ခြယ်ပစ္စည်းများအဖြစ်ကို ကွဲသွားပါတယ်။

ဒီပြင်ပဂုဏ်သတ္တိများကို အမှန်တကယ် အရောင်ခြယ်ဖို့အတွက် ကာရိုတီးနွိုက်များကို အလွန်များပြားတဲ့ ပမာဏဖြင့် စားသုံးရပါတယ်။ ကြိုးကြားတွေရဲ့ အစားအစာဟာ ကာရိုတီးနွိုက်ပြည့်တဲ့ အရသာတစ်မျိုးတည်းနီးပါးဖြစ်တာကြောင့် ငှက်များဟာ သူတို့ကိုယ်သူတို့ အရောင်ခြယ်ဖို့ ပြဿနာမရှိပါဘူး။ အခြားတစ်ဖက်တွင်မူ လူသားများဟာ သူတို့ရဲ့အသားအရေကို လိမ္မော်ရောင်အဖြစ် ပြောင်းလဲစေဖို့ ကာရိုတီးနွိုက်များကြွယ်ဝတဲ့ အစားအစာကို စားသုံးဖို့ လိုအပ်ပါတယ်။

ကြိုးကြားမျိုးစိတ်ခြောက်မျိုးရှိပြီး ကမ္ဘာတစ်ဝှမ်းရှိ နေရာအမျိုးမျိုးမှာ တွေ့ရှိရပါတယ်။ နေရပ်နှင့် အစားအစာ အရင်းအမြစ်များဟာ တစ်နေရာနှင့် တစ်နေရာ ရာသီအလိုက် ကွဲပြားတာကြောင့် ငှက်များရဲ့ အရောင်များလည်း ကွဲပြားပါတယ်။ အချို့ ကြိုးကြားများဟာ ပန်းရောင်ရဲ့ နက်မှောင်သော သို့မဟုတ် တောက်ပသော အရောင်များ၊ အချို့က လိမ္မော်ရောင် သို့မဟုတ် အနီရောင် ပိုရှိကြပြီး အချို့ကကျ ဖြူစင်‌‌နေတာပါပဲ။

သတင်းအရင်းမြစ်: Britannica

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။