ပွေးကောင်များဟာ မြေအောက်နေထိုင်မှုပုံစံနှင့်လိုက်လျောညီထွေရှိတဲ့ နို့တိုက်သတ္တဝါငယ်များဖြစ်ပါတယ်။ သူတို့မှာ ဆလင်ဒါကိုယ်ထည်များ၊ ကတ္တီပါသားမွေးများ၊ အလွန်သေးငယ်ပြီး ထင်သာမြင်သာမရှိတဲ့ မျက်လုံးများနှင့် နားများ၊ သေးငယ်တဲ့ နောက်ကျောများနှင့် တူးဖို့အတွက် လိုက်လျောညီထွေဖြစ်အောင်ပြုလုပ်ထားတဲ့ လက်များရှိပါတယ်။ ဒီလက်တွေဟာ သူတို့အတွက် အလွန်အရေးပါလှပါတယ်။

မြေဆီလွှာမှာဆိုရင် ပွေးကောင်ဟာ သူရဲ့ဒီလက်တွေနဲ့ ပေ ၃၀၀ ရှည်တဲ့ လိုဏ်ခေါင်းကို တစ်ညတည်းနဲ့ တူးနိုင်ပါတယ်။ ပေ ၃၀၀ ဟာ ဘောလုံးကွင်းတစ်ကွင်းစာရှိပြီး တော်တော်တူးနိုင်စွမ်းရှိကြတဲ့ ပွေးကောင်တွေပါပဲ။ ရှည်လျားပြီး နက်ရှိုင်းတဲ့ လိုဏ်ခေါင်းများမှာ အညစ်အကြေးများကို ပွေးကောင်ဟာ သူရဲ့ကိုယ်ခန္ဓာဖြင့် နံရံများအတွင်းကို စုစည်းထားပါတယ်။ တိုတောင်းတဲ့ လိုဏ်ခေါင်းများမှာ ပွေးကောင်ဟာ လှည့်ပတ်နိုင်ပြီး လျော့ရဲနေတဲ့ မြေဆီလွှာအချို့ကို သူ့ရဲ့နှာခေါင်းဖြင့် တွန်းထုတ်နိုင်ပါတယ်။ အထင်အမြင်လွဲမှားနေတာကတော့ ပွေးကောင်ဟာ မျက်စိကန်းနေကြတယ်လို့ နာမည်ကြီးတဲ့ ယုံကြည်ချက်တစ်ခုပဲဖြစ်ပါတယ်။

ပွေးကောင်တစ်ကောင်မှာ မျက်လုံးရှိပေမယ့်လည်း အလွန်သေးငယ်တာကြောင့် မျက်လုံးတွေကို အညစ်အကြေးနှင့် ရောဂါပိုးမွှားများမှ ကာကွယ်ပေးပါတယ်။ သူတို့ရဲ့ အမြင်အာရုံက အားနည်းတာမို့ အရောင်တွေကို မမြင်နိုင်ရပေမယ့် မြေကြီးထဲက ထွက်လာရင်တော့ သူတို့ရဲ့မျက်လုံးဟာ လှုပ်ရှားမှုနဲ့ အလင်းကို မြင်ရဖို့ ကူညီပေးပါတယ်။ ဒီလိုမျိုးအစွမ်းကြောင့် ပွေးတွေဟာ သူတို့ရဲ့ ပတ်၀န်းကျင်က ပြောင်းလဲမှုကို သိရှိနိုင်ပါတယ်။

သတင်းအရင်းမြစ်: micheals first blog

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။