တောင်ကိုရီးယားနိုင်ငံ ၊ အီထယ်ဝန်မှာကျင်းပတဲ့ ဟော်လိုးဝင်းပါတီ (သရဲများနေ့) ပွဲတော်အခမ်းအနားမှာ လူအများအပြား တိုးဝှေ့မှုကြောင့် လူပိသေဆုံးသူ အယောက် ၁၅၀ ကျော်သွားပြီလို့ သိရပါတယ်။ 

Facebook 

ကိုရီးယားပြည်သူများအနေနဲ့ ကိုဗစ်ပွဲတော်ကာလတွေမှာ ပွဲအခမ်းအနားတွေ ရှောင်ခဲ့ရတာကြောင့် ကိုဗစ်ကင်းစင်တဲ့ ကာလမှာ အခုလိုမျိုး ပြန်လည်ပျော်ရွှင်ခွင့်ရခဲ့တာဖြစ်ပါတယ်။ လူအများသေဆုံရတဲ့ အကြောင်းအရင်းကကျဉ်းမြောင်းတဲ့လမ်းထဲ လူအများအပြားတိုးဝှေ့မှုကြောင့် အချင်းချင်းပိမိပြီး အသက်ရှူကြပ်ကာ အသက်သေဆုံးကုန်တာဖြစ်တယ်လို့ သတင်းဌာနတွေက ထုတ်ပြန်ထားပေမယ့် အခြားအကြောင်းအရင်းလည်း ရှိနိုင်သေးတယ်လို့သုံးသပ်ထားသူတွေရှိပါတယ်။ 

Google
Google

သေဆုံးသူတွေအများစုက ဆယ်ကျော်သက်တွေနဲ့ အသက် ၂၀ ကျော် လူငယ်တွေဖြစ်ကြပြီး သေဆုံးသူဦးရေကဆက်လက်မြင့်တက်နေဆဲဖြစ်တယ်လို့ သိရပါတယ်။ 

Google

ကနဦးအရ အတည်ပြုထားတဲ့သေဆုံးသူအရေအတွက်က၁၅၂ ယောက်ရှိနေပြီပဲဖြစ်ပါတယ်။ 

Google
Google

ယခုသေဆုံးမှုက ၂၀၁၄ ခုနှစ်တုန်းက လူအယောက် ၃၀၀ ကျော်သေဆုံးခဲ့တဲ့ ကူးတို့သင်္ဘောနစ်မြုပ်မှုနောက်ပိုင်းမှာ အဆိုးရွားဆုံး မတော်တဆမှုကြီးဖြစ်ပါတယ်။ 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။