ငါးမန်းဖြူကြီးတွေရဲ့ DNA ဟာ ကင်ဆာနဲ့ တခြားရောဂါတွေကနေ ကာကွယ်ပေးတဲ့ “ဗီဇပြောင်းလဲမှုများ” ပိုင်ဆိုင်ထားပါတယ်။ သိပ္ပံပညာရှင်များရဲ့ နောက်ထပ် သုတေသနပြုချက်များအရ လူသားများမှာ အသက်အရွယ်ဆိုင်ရာ ရောဂါများကို ကုသရာမှာ အသုံးချနိုင်မယ်လို့ မျှော်လင့်ထားကြပါတယ်။

ငါးမန်းတွေရဲ့ DNA ဟာ သူ့အလိုလို ပြန်လည်ပြုပြင်နိုင်ပြီး ပျက်စီးမှုကို ပိုခံနိုင်ရည်ရှိတာကြောင့် ဆင့်ကဲပြောင်းလဲလာတာဖြစ်ပါတယ်။ ငါးမန်းဖြူကြီးတွေဟာ ပင်လယ်ပြင်မှာ အနည်းဆုံး နှစ်ပေါင်း ၁၆ သန်းလောက် ကင်းလှည့်နေခဲ့ရပြီး အကြီးဆုံးမှာ ပေ 20 အထိ ကြီးထွားနိုင်ကာ အလေးချိန် သုံးတန်အထိ ရှိနိုင်ပါတယ်။

ငါးမန်း DNA ဟာ လူသား DNA ထက် တစ်ဆခွဲ ပိုကြီးပါတယ်။ သူတို့တွေမှာ လူသားတွေ မလေ့လာနိုင်သေးတဲ့ DNA တွေရှိနေပါသေးတယ်။ သိပ္ပံပညာရှင်များဟာ ဒီလျှို့ဝှက်ချက်များကို ဖြေရှင်းပြီး လူသားတွေကို ကင်ဆာကုသနိုင်ဖို့ မျှော်လင့်ထားကြပါတယ်။

Select an imageငါးမန်းများဟာ ပြင်းထန်တဲ့ ဒဏ်ရာများမှ လျင်မြန်စွာ ပြန်လည်ကောင်းမွန်လာနိုင်တာကြောင့် ဒဏ်ရာ အနာကျက်ခြင်းနှင့် သွေးခဲခြင်းကို ကူညီပေးနိုင်တယ်လို့ ပညာရှင်တွေက ယုံကြည်ထားကြပါတယ်။ လူသားတွေမှာလည်း ငါးမန်းတွေလို DNA ရရှိထားမယ်ဆို လူသားတွေရဲ့ ကျန်းမာရေးဟာ ပိုမိုကောင်းမွန်လာကြမှာ အမှန်ပါပဲ။

သတင်းအရင်းမြစ်: BBC

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။