(၉၀)ခုနှစ်ဝန်းကျင်ဖွား ကလေးတိုင်းရဲ့ အချစ်တော် တိရစ္ဆာန် ဖြစ်ပြီး တိရစ္ဆာန်ရုံ နဲ့ ပတ်သက်လို့ ငယ်ဘဝ အမှတ်တရမှာ နေရာယူကြီးစိုးသူ လို့ ဆိုရရင်တော့ အားလုံးကချစ်ကြတဲ့ ဆင်လိမ္မာမလေး မိုမို လို့ပဲ အားလုံးက ပြောကြမှာဖြစ်ပါတယ်။

ဆင်လိမ္မာလေး လို့ လူသိများခဲ့တဲ့ ဆင်မကြီးမိုမိုရဲ့ အသက်(၆၉) နှစ်ပြည့် မွေးနေ့ အတွက် အထိမ်းအမှတ်ပွဲ ကို ယနေ့ အောက်တိုဘာ(၂၈)ရက်နေ့မှ စတင်ကာ ကျင်းပပြုလုပ်နေပြီဖြစ်ပြီး အဆိုပါအခမ်းအနားကို (၃)ရက်ကြာ ကျင်းပသွားမှာဖြစ်တယ်လို့လည်း သိရပါတယ်။

အောက်တိုဘာ(၂၈) ရက်နေ့ မှ (၃၀)ရက်နေ့အတွင်းမှာ ဆင်မကြီးမိုမို ရဲ့ မွေးနေ့အထိမ်းအမှတ်ဖြစ် ပထမဆုံးမွေးနေ့ပွဲစတင်တဲ့ ဒီကနေ့မှာတော့ တိရစ္ဆာန်လေးများရဲ့ပြကွက်ဆန်းများ မျက်လှည့်များ ပြသနေတာဖြစ်တယ်လို့ သိရပါတယ်။ အစိုးရရုံးပိတ်ရက်ဖြစ်တဲ့ အောက်တိုဘာ(၂၉) ရက်နဲ့ (၃၀) ရက်တွေမှာတော့ မိုမိုရဲ့ မွေးနေ့ အထိမ်းအမှတ်သစ်သီးကိတ်ခွဲခြင်း ဖျော်ဖြေပွဲများနဲ့တေးဂီတဖျော်ဖြေပွဲ များကို ပြုလုပ်သွားမယ်လို့ဆိုပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။