တောရိုင်းသဘာဝတရာကြီးထဲမှာ နေထိုင်ကြတဲ့ တိရစ္ဆာန်တွေရဲ့ ဘ၀ဟာ မလွယ်ကူလှပါဘူး။ သူတို့မှာ အသက်ရှင်ဖို့အတွက် အရှုံးမပေးပဲ ရုန်းကန်းကြရပါတယ်။ တောထဲက တိရစ္ဆာန်တွေဟာ သူတို့မွေးဖွားလာပြီဆိုရင် အရွယ်ရောက်ဖို့ ရာခိုင်နှုန်း နည်းကြပါတယ်။ ဘာလို့ဆို သူတို့ကို အမဲလိုက်တတ်ကြတဲ့ တခြားတိရစ္ဆာန်တွေ‌ကြောင့်ပါပဲ။ အရွယ်ရောက်ဖို့ ခက်ခဲတဲ့ အထဲမှာ ကျားသစ်တွေလည်းပါပါတယ်။ အရွယ်ရောက်ပြီးတဲ့ ကျားသစ်များကို တခြားအမဲလိုက် တိရစ္ဆာန်တွေ သတ်ဖြတ်မှုမှာ ရှားပါးပါတယ်။

တောရိုင်းထဲမှာ ၅ ရာခိုင်နှုန်းလောက်ပဲ ကျားသစ်တွေဟာ အရွယ်ရောက် ကြီးထွားနိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ခြင်္သေ့တွေနဲ့ တောခွေးတွေရဲ့ ခြိမ်းခြောက် သတ်ဖြတ်မှုတွေကြောင့်ပါပဲ။ မိခင်ဖြစ်တဲ့ ကျားသစ်မလည်း ကာကွယ်ဖို့ အားနည်းလှပါတယ်။ ပျမ်းမျှအားဖြင့် ကျားသစ်မ တစ်ကောင်ဟာ သူ့ရဲ့သက်တမ်းတစ်လျှောက် ကျားသစ်လေးနှစ်ကောင်ကိုပဲ သေချာပြုစုနိုင်ပါတယ်။ Hyenas နှင့် leopards တွေဟာ Cheetah သားပေါက်များကိုသတ်ကြတဲ့ တိရစ္ဆာန်အဖြစ် လူသိများပါတယ်။ ရံဖန်ရံခါမှာ အခြား ကျားသစ်အထီးများဟာ ကျားသစ်မကို နောက်ထပ် အကောင်ပေါက်စေဖို့ ရည်ရွယ်ချက်နဲ့ သားပေါက်လေးတွေကို သတ်ပစ်နိုင်ပါတယ်။

Serengeti မှာ ခြင်္သေ့ 2,800 နှင့် Hyenas 9,000 ရှိတဲ့ ဂေဟစနစ်မှာ ကျားသစ် 250 ခန့် နေထိုင်ကြပါတယ်။ အသားစား အကောင်ကြီးများဟာ ကျားသစ်ကောင်များ အရေအတွက်ထက် များလေ့ရှိပြီး ကျားသစ်တွေရဲ့ ရှင်သန်မှုအတွက် သိသာထင်ရှားတဲ့ စိန်ခေါ်မှုတစ်ရပ်ကို ကိုယ်စားပြုပါတယ်။ Hyenas (တောခွေး) နှင့် ခြင်္သေ့များဟာ ကျားသစ်များကို နေရာရွှေ့ပြောင်းအောင် လုပ်တတ်ကြတဲ့အတွက် လူသိများပါတယ်။ ကျားသစ်တွေရဲ့ ဘ၀ဟာလည်း မလွယ်ကူကြပါဘူး။

သတင်းအရင်းမြစ်: Sea world

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။