ဗီယက်နမ်နိုင်ငံက ရုပ်ရှင်ရုံကြီးတစ်ရုံမှာ မကြာသေးမီက ရုပ်ရှင်လက်မှတ်ဝယ်ယူတဲ့ သူတွေအတွက် ထူးခြားတဲ့ ပရိုမိုးရှင်းတစ်ခုပြုလုပ်ခဲ့ပါတယ်။ ဒီပရိုမိုးရှင်းကတော့ ရုပ်ရှင်ကြည့်ရင်း ပေါက်ပေါက်ဆုပ်ကို မည်သည့်ထည့်စရာများနဲ့မဆို အကန့်အသက်မရှိ အခမဲ့ ထည့်ယူနိုင်ကြောင်း ကြေညာခဲ့တာပါ။

Photo Credit - Lotte Cinema
Photo Credit - Lotte Cinema

ရုပ်ရှင်ရုံက ထူးခြားတဲ့ ပရိုမိုးရှင်း‌ကြေညာခဲ့ပြီးနောက် ရုပ်ရှင်လာကြည့်ရူသူများ ကြိတ်ကြိတ်တိုးလာရောက် တန်းစီပြီး ခွက်ကြီးခွက်ငယ်များဖြင့် အသီးသီးထည့်ယူစားသုံးကြပါတယ်။ အချို့ဆိုရင် ဒန်အိုးဒန်ခွက်များအပြင် ဆေးပုံး‌တွေနဲ့ပါ စိတ်ကြိုက်ယူကြတာဖြစ်ပါတယ်။

Photo Credit - Lotte Cinema
Photo Credit - Lotte Cinema

အဆိုပါ ပရိုမိုးရှင်းပြုလုပ်တဲ့ ပုံရိပ်တွေကတော့ လူမှုကွန်ယက်ပေါ်မှာ ခဏလေးအတွင်း ပျံ့နှံ့သွားခဲ့ပါတယ်။ ပေါက်ပေါက်ဆုပ်အကြိုက်စား ပရိုမိုးရှင်းကာလကတော့ ၂၄/၁၀/၂၀၂၂ မှ ၃၀/၁၁/၂၀၂၂ ထိလို့ သိရပါတယ်။

Photo Credit - Lotte Cinema
Photo Credit - Lotte Cinema

သတင်းအရင်းမြစ်: Source - WorldForum

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။