သစ်ပင်ကို ပေါက်ခြင်းဟာ သစ်တောက်ငှက်ရဲ့ ဦးနှောက်ကို ခွန်အားများစွာ ပေးပါတယ်။ ဒါပေမယ့် ခုလိုသစ်ပင်ကို ပေါက်ခြင်းအတွက် ထိခိုက်ဒဏ်ရာရခြင်းမှ ကင်းဝေးစေဖို့ သစ်တောက်ငှက်တွေဟာ လိုက်လျောညီထွေဖြစ်အောင် တည်ဆောက်ထားတယ်လို့ သိပ္ပံပညာရှင်တွေက ပြောပြထားပါတယ်။

သစ်တောက်ငှက်‌တွေ သစ်ပင်ကို ပေါက်တတ်အသံ ကြားဖူးကြလား။ သူတို့ရဲ့ နှုတ်သီးတွေကို အသုံးပြုပြီး ဒီစိတ်ဝင်စားဖွယ်ကောင်းတဲ့ ငှက်များဟာ အစာရှာဖို့ သို့မဟုတ် အသိုက်ပြုလုပ်ဖို့ သစ်ပင်များအတွင်းကို တူးကြပါတယ်။ သစ်တောက်ငှက်များဟာ တစ်စက္ကန့်ကို အကြိမ် ၂၀ အထိ သစ်ပင်ကို ပေါက်နိုင်ကြပါတယ်။ ပုံမှန်အားဖြင့် သူတို့ဟာ တစ်နေ့ကို ၁၂၀၀၀ ထိ ပေါက်တတ်ကြပါတယ်။

အပေါ်မှာ ဖော်ပြခဲ့သလိုပဲ သစ်ပင်ပေါက်ခြင်းဟာ သစ်တောက်ငှက်ရဲ့ ဦးနှောက်ကို ခွန်အားများစွာ ပေးပါတယ်။ တကယ်တော့ ဒီစွမ်းအားဟာ လူသားတွေကို ခေါင်းကိုက်စေမယ့်အရာထက် 10 ဆ ပိုများပါတယ်။ ဒါပေမယ့် သစ်တောက်ငှက်တွေဟာ ခေါင်းကိုက်ခြင်း သို့မဟုတ် ထိတ်လန့်ခြင်း မဖြစ်ကြတာ ဘာလို့လဲဆိုတာကို သိပ္ပံပညာရှင်တွေက အချိန်အတော်ကြာ အဖြေရှာခဲ့ရပါတယ်။

သစ်တောက်ငှက်ဟာ သစ်ပင်တစ်ပင်ကို ပေါက်တဲ့အခါ ပုတ်ခတ်မှုဟာ သူ့ရဲ့နှုတ်သီးပေါ်မှာ ကြီးမားတဲ့အင်အားကို ဖန်တီးပါတယ်။ သစ်တောက်ငှက်ရဲ့ ခန္ဓာဗေဒဟာ ဒီစွမ်းအားကို စုပ်ယူဖို့နဲ့ ငှက်ကို ထိခိုက်ဒဏ်ရာရခြင်းမှ ကာကွယ်ဖို့ အထူးဒီဇိုင်းထုတ်ထားပါတယ်။ သူ့ရဲ့ အထူးပြု နှုတ်သီးနဲ့ ဦးခေါင်းခွံဟာ ဦးနှောက်ကို ကာကွယ်ပေးပြီး ထိမှန်ခြင်း သို့မဟုတ် ထိခိုက်ဒဏ်ရာရခြင်းမှ ကာကွယ်ပေးပါတယ်။

သတင်းအရင်းမြစ်: lets talk science

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။