ယင်ကောင်ဆိုတဲ့ သတ္တဝါကတော့ ကျွန်တော်တို့အတွက်တော့ တကယ့်ကို စိတ်အနှောက်အယှက်ဖြစ်စေတဲ့ သတ္တဝါတစ်မျိုးပါ။ အများအားဖြင့် သူတို့ကို စက်ဆုတ်ရွံ့ရှာမိကြပါတယ်။ အထူးသဖြင့် ဆေးဝါးနှင့် စားသောက်စရာတွေမှာ ယင်ကောင်တွေကနေတစ်ဆင့် ကူးစက်တတ်တဲ့ ရောဂါတွေကို စိုးရိပ်ပူပန်ကြတာ ဖြစ်ပါတယ်။ ဒါပေမယ့် ယင်ကောင်များက အလွန်စွဲဆောင်မှုရှိပြီး စိတ်ဝင်စားစရာကောင်းတဲ့ သတ္တဝါများထဲမှာ ပါဝင်ပါတယ်။ ယင်ကောင်တွေနဲ့ ပတ်သက်ပြီး ကျွန်တော်တို့တွေ မသိသေးတဲ့ စိတ်ဝင်စားစရာတွေ များစွာရှိပါတယ်။

Photo Credit – From Google

(၁) ခြေဖြင့် အရသာခံနိုင်ခြင်း

ယင်ကောင်များဟာ လိပ်ပြာများလိုပဲ ခြေထောက်များကို အသုံးပြုပြီး အစာကို အရသာခံနိုင်ကြပါတယ်။ သူတို့ရဲ့ ခြေဖဝါးပေါ်မှာရှိတဲ့ receptors (chemonsensilla) ဆိုတဲ့အရာက အစာကို မြည်းစမ်းကြတာ ဖြစ်ပါတယ်။ ယင်ကောင်တွေ အရသာရှိတဲ့ အစားအစာတစ်ခုကို ဆင်းသက်နားလိုက်တဲ့ အခါ အဲ့ဒီအစာကို မစားသုံးမီ နောက်ထပ်အစားစာတွေကိုလည်း အရသာရှိမရှိ လှည့်လည်မြည်းစမ်းကြည့်ကြပါတယ်။

Photo Credit – From Google

(၂) မစင်စွန့်ခြင်း

ယင်ကောင်များဟာ ကျွန်တော်တို့ လူသားအပါအဝင် အခြားသတ္တဝါများနည်းတူ မစင်စွန့်ကြပါတယ်။ ဒါပေမယ့် သူတို့ရဲ့  အစာခြေစနစ်က လျင်မြန်တာကြောင့် အစာစာပြီးတာနဲ့ မစင်စွန့်ရာမှာ ဝမ်းသွားသလို အရည်များ ထုတ်လွှတ်ကြတာပါ။ ဒါကြောင့် သူတို့ဆီကနေ့ ရောဂါများ ကူးစက်ပျံ့နှံ့စေတာ ဖြစ်ပါတယ်။

Photo Credit – From Google

(၃) ဇောက်ထိုးလမ်းလျှောက်တတ်ခြင်း

ယင်ကောင်များက ဇောက်ထိုးလမ်းလျှောက်တတ်ကြပါတယ်။ ပြီးတော့ အလျားလိုက် ၊ ဒေါင်လိုက်လည်း လမ်းလျှောက်ကြပါတယ်။ ဘာကြောင့်လဲဆိုတော့ သူတို့ရဲ့ ခြေထောက်တွေမှာ ကော်နဲ့တူတဲ့ အမွှေးအမျှင်များပါရှိတဲ့ အဆီခြေဖုံးအကွက်နှစ်ခု (pulvilli) ရှိတာကြောင့် ဖြစ်ပါတယ်။

Photo Credit – From Google

(၄) မျက်လုံးက အနောက်ထိမြင်နိုင်ခြင်း

ယင်ကောင်တွေရဲ့ မျက်လုံးက တကယ့်ကို အံ့သြစရာပါ။ သူတို့ရဲ့ မျက်လုံးက နောက်ကျောက မြင်ကွင်းကိုတောင် မြင်နိုင်စွမ်းရှိကြပါတယ်။ သူတို့ရဲ့ မျက်လုံးက နောက်ကွယ်ကမြင်ကွင်းကို မြင်နိုင်အောင် ၃၆၀ ဒီဂရီမြင်ကွင်းနီးပါးကို ထောက်ပံ့ပေးထားတာကြောင့်ပါ။

Photo Credit – From Google

(၅) သက်တမ်းတိုတောင်းခြင်း

ယင်ကောင်တွေက ကျွန်တော်တို့ ထင်ထားသလို သူတို့ရဲ့ သက်တမ်းက မရှည်ကြပါဘူး။ ပညာရှင်တွေရဲ့ လေ့လာချက်များအရ ယင်ကောင်တွေရဲ့ သက်တမ်းက အများဆုံး ရက်ပေါင်း ၃၀ ခန့်လောက်ပဲ ‌နေကြရပါတယ်။ ဒါပေမယ့် သူတို့ရဲ့ တိုတောင်းတဲ့ သက်တမ်းမှာ သူတို့ရဲ့ အလုပ်တွေကို ပြီးမြောက်အောင် လုပ်နိုင်ခဲ့တယ်။

Photo Credit – From Google

သတင်းအရင်းမြစ်: Source - rentokil

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။