ဆယ်စုနှစ်များစွာ ရေမချိုးခဲ့တဲ့ အီရန်အမျိုးသား Amou Haji ဟာ ကမ္ဘာပေါ်မှာ အညစ်ပတ်ဆုံးလူသားလို့ အမည်ပြောင်းလဲရရှိခဲ့ပြီးနောက် အသက် ၉၄ နှစ်အရွယ်မှာ ကွယ်လွန်သွားခဲ့ပြီလို့ နိုင်ငံပိုင်မီဒီယာတွေက အင်္ဂါနေ့မှာ ဖော်ပြခဲ့ပါတယ်။
Haji ဟာ ဆပ်ပြာနဲ့ရေသုံးရင် နေမကောင်းဖြစ်တယ်ဆိုပြီး နှစ် ၅၀ ကျော် ရေမချိုးဘဲ တစ်ကိုယ်တည်းဘဝကို ဖြတ်သန်းခဲ့တာပါ။ မကြာသေးမီကမှ ရွာသူရွာသားတွေကို သူ့ကိုဖမ်းချုပ်ပြီး ပထမဆုံးအကြိမ် ရေမိုးချိုးပေးခဲ့ပါသေးတယ်။
ဒေသတွင်း မီဒီယာများရဲ့ ဖော်ပြချက်အရ Haji ဟာ သန့်ရှင်ရေးလုပ်ခံရပြီးနောက် နေမကောင်းဖြစ်ပြီး တောင်ပိုင်းပြည်နယ် Fars မှာရှိတဲ့ သူနေထိုင်တဲ့ Dejgah ရွာလေးမှာပဲ တနင်္ဂနွေနေ့က ကွယ်လွန်သွားခဲ့တာလို့ ဖော်ပြခဲ့ပါတယ်။
သတင်းအရင်းမြစ်: Source - BBC / Punch Newspapers
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။