(၉၀)ခုနှစ်ဝန်းကျင်ဖွား လူငယ်တိုင်းရဲ့ အချစ်တော် အဖြစ် သတ်မှတ်ခံရသူ ၊ ဆင်လိမ္မာလေး မိုမို လို့ လူသိများခဲ့တဲ့ ဆင်မကြီးမိုမိုရဲ့ အသက်(၆၉) နှစ်ပြည့် အထိမ်းအမှတ်မွေးနေ့ပွဲ ကို ယခုအောက်တိုဘာလအတွင်း ရန်ကုန်တိရစ္ဆာန်ဥယျာဉ်အတွင်း မှာ ကျင်းပသွားမယ်လို့သိရပါတယ်။

ဆင်မကြီး မိုမိုရဲ့ မွေးနေ့ပွဲကို အောက်တိုဘာ(၂၈)ရက် ကနေ (၃၀)ရက်အထိ (၃) ရက်ကြာ ပျော်ပွဲရွှင်ပွဲများနဲ့ ကျင်းပသွားဖို့ရှိနေပြီး မိုမိုကြီးရဲ့ မွေးနေ့အထိမ်းအမှတ်အနေနဲ့ ကိတ်မုန့်ခွဲတာ၊ မိုမိုဓာတ်ပုံပြပွဲပြုလုပ်တာ၊ မျက်လှည့်ပွဲတွေ ပြုလုပ်တာ၊ Photo Booth လှလှလေးတွေ ချစ်စရာတိရစ္ဆာန်လေးတွေနဲ့ အမှတ်တရဓာတ်ပုံရိုက်ကူးတာနဲ့ ကလေးတွေ အကြိုက် ပျော်ရွှင်စရာ Game အစီအစဉ်တွေ ပါဝင်မယ်လို့ဆိုပါတယ်။

ဆင်မကြီး မိုမို ရဲ့ မွေးနေ့ကို နှစ်စဉ်နှစ်တိုင်းကျင်းပလေ့ရှိပေမယ့် ယမန်နှစ်ကတော့ တိရစ္ဆာန်ဥယျာဉ်အတွင်းမှာပဲ ဝန်ထမ်းများနဲ့အတူ ကျင်းပခဲ့ကြောင်း သိရပြီး ဒီကနှစ်မှသာ အရင်လိုပျော်ပွဲရွှင်ပွဲများနဲ့ ပြန်လည်ကျင်းပမှာဖြစ်တယ်လို့ သိရပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။