အင်ဒိုနီးရှားနိုင်ငံက Gua Harimau (ကျားလှိုဏ်ဂူ)အတွင်းမှာ တူးဖော်တွေ့ရှိခဲ့တဲ့ လူအရိုးတွေကတော့ သမိုင်းပညာရှင်တွေကြားမှာ ယနေ့အချိန်ထိ အတော်လေးကို စဉ်းစားရခက်နေတုန်းပါပဲ။  ဒီလှိုဏ်ဂူထဲက အရိုးစုတွေကို ကျွမ်းကျင်ပညာရှင်များက ၂၀၀၈ ခုနှစ်လောက်ကနေ စတင်တူးဖော်ခဲ့တာဖြစ်ပြီး လူ အရိုးစုပေါင်း ၈၀ ကျော်ထိရရှိထားခဲ့တာပါ။

Photo Credit – From Google
Photo Credit – From Google

ကနဦးလေ့လာတွေ့ရှိချက်များအရ အဆိုပါရုပ်ကြွင်းအများစုဟာ ဘီစီ ၁၀၀၀ ကနေ ၂၀၀၀ ဝန်းကျင်မှာ နေထိုင်ခဲ့တဲ့ Australo-Melanosoid လူမျိုးဖြစ်ပြီး သက်တမ်းအားဖြင့် နှစ်ပေါင်း ၃၀၀၀ ခန့်လောက်ရှိနိုင်တယ်လို့ ဆိုပါတယ်။ အရိုးစုအချို့က အတော်လေးကို ပျက်စီးနေသေးပေမယ့်လည်း အချို့က အကောင်းပကတိအတိုင်းရှိနေသေးတာတော့ တွေ့ရပါတယ်။

Photo Credit – From Google
Photo Credit – From Google

ပြီးတော့ ဂူထဲမှာ လူသားအရိုးစုတွေအပြင် အခြားသော သမိုင်းဝင်အမွေအနှစ် အရာဝတ္ထုတွေဖြစ်တဲ့ funnel ပုဆိန်တွေ၊ ကြွေထည်တွေနဲ့  ရှေးကျတဲ့ အသုံးအဆောင်ပစ္စည်းတွေကို ဟာရီမာအူဂူထဲမှာ ရှာဖွေတွေ့ရှိခဲ့ပါတယ်။ ဒီလောက် လူအရိုးစုအများအပြားကို တွေ့ရတာဟာ အရင်က ဒီလှိုဏ်ဂူဟာ သင်္ချိုင်းအဖြင့်အသုံးပြုခဲ့သလားဆိုတာပါ။

Photo Credit – From Google
Photo Credit – From Google

နောက်ပိုင်း လေ့လာချက်တွေမှာ မြေပုံတစ်ခုရဲ့ အချက်အလက်တွေအရ ဒီသင်္ချိုင်းဟာ Australo-Melanosoid လူမျိုးများမဟုတ်ဘဲ Austronesia မှဖြစ်တယ်ဆိုတာ တွေ့ရှိခဲ့ပါတယ်။ လှိုဏ်ဂူအတွင်းရှိ နံရံတွေမှာလည်း ရှေးကျတဲ့ နံရံဆေးရေးပန်းချီများကိုလည်းရှိပြီး ဒါဟာ Australo-Melanosoid ဘိုးဘေးများ သုသာန်ရဲ့ ထုံးတမ်းစဉ်လာများအတွက် အသုံးပြုခဲ့တဲ့ ပန်းချီကားများဖြစ်တယ်ဆိုတာ သေချာတယ်လို့ ဆိုပါတယ်။

Photo Credit – From Google

သတင်းအရင်းမြစ်: Source - ASEAN World 24 - Southeast Asia Network


"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။