Rodentia ဟာ ကမ္ဘာပေါ်မှာ အုပ်စုလိုက်ကြီး နေကြတဲ့ နို့တိုက်သတ္တဝါများဖြစ်ပါတယ်။ တခြားနို့တိုက်သတ္တဝါမျိုးစိတ်ပေါင်း ၄၀၀၀ ကျော်နဲ့ ယှဉ်ရင် သူတို့မှာ သက်ရှိကြွက်မျိုးစိတ်ပေါင်း ၁၅၀၀ ကျော်ရှိပြီး။ ဒီသတ္တဝါ‌တွေကို အန္တာတိကမှလွဲပြီး တိုက်တိုင်းမှာ တွေ့ရှိနိုင်ပါတယ်။ ဒီကြီးမားတဲ့ ကြွက်မျိုးစိတ်များဟာ စွဲမက်ဖွယ်ကောင်းပြီး အတန်ငယ်ကြောက်စရာကောင်းတဲ့ ရုပ်ပိုင်းဆိုင်ရာအင်္ဂါရပ်များ ရှိပါသေးတယ်။ အဲ့တာတွေကတော့ သူတို့ရဲ့သွားနဲ့ ဘယ်တော့မှ ကြီးထွားမှုနှုန်းမရပ်သွားတဲ့ ရှေ့သွားတွေပါပဲ။

အိမ်ကြွက်များ၊ မြေကြွက်များ၊ ရှဥ့်နှင့် အခြားကြွက်များဟာ ခုလိုရှေ့သွားကို အပေါ်တစ်စုံ အောက်တစ်စုံ သွားများနဲ့ မွေးလာကြတာပါ။ ဒီ “ရှေ့သွားများ” ဟာ ဒီကြွက်မျိုးစိတ်ရဲ့ ဘဝတစ်လျှောက်လုံး အဆက်မပြတ်ကြီးထွားလာတတ်ပါတယ်။ ကြွက်ရဲ့ ရှေ့သွားများဟာ တစ်နေ့ကို ၁ မီလီမီတာအထိ ကြီးထွားနိုင်ပါတယ်။ ဒီကြွက်မျိုးစိတ်ရဲ့သွားများဟာ ရှည်လွန်းပါက သူတို့ဟာ ပါး၊ လျှာ၊ သို့မဟုတ် အာခေါင် အနာများကို ဖြစ်စေပြီး ကြွက်တွေကို အစာမစားနိုင်လောက်ထိ ဖြစ်စေပါတယ်။

ဒါဆို ဒီကြွက်မျိုးစိတ်တွေက ဒီလို ဆိုးရွားတဲ့ ကံကြမ္မာကို ဘယ်လိုရှောင်ကြမလဲ။ မာကြောတဲ့ အရာဝတ္ထုများကို အဆက်မပြတ် ကိုက်စားခြင်းပဲ ဖြစ်ပါတယ်။ အချို့ဒီကြွက်များဟာ သူတို့ရဲ့ ရှေ့သွားများကို အပေါ်အောက် ကြိတ်ခြေတတ်ကြပါတယ်။ ဒီအပြုအမူများဟာ သူတို့ရဲ့ သွားများကို စီမံခန့်ခွဲနိုင်တဲ့ အရွယ်အစားအထိ ထိန်းသိမ်းပေးနိုင်ပါတယ်။ သူတို့ရဲ့ သွားဟာ သင့်သွားထက်ကို ပိုမိုမာကြောပါတယ်။ ဘယ်လောက်ထိမာကြောလဲဆိုရင် သံမဏိထက်တောင်မာကြောနိုင်ပါတယ်။

သတင်းအရင်းမြစ်: pestexinc

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။