မြင်ရတိုင်း မယုံနဲ့ဆိုတာ ဒီလိုပိုလာ၀က်ဝံမျိုးနဲ့လိုက်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ပိုလာ၀က်ဝံရဲ့ အမွှေးအရောင်ဟာ သင်မြင်တွေ့ရသလို အဖြူရောင် မဟုတ်နေပါဘူး။ အဖြူရောင်လို့ထင်နေရင်လည်း မေ့လိုက်ပါ။ ဒါဆိုသူတို့ရဲ့ အမွှေးအရောင်က ဘာအရောင်လဲ။

ယေဘူယျအားဖြင့် အရာဝတ္ထုတစ်ခုရဲ့ အရောင်ဟာ အလင်းရဲ့ ရောင်ပြန်ဟပ်မှုကို ဆုံးဖြတ်ပါတယ်။ အနီရောင်ကားဟာ အနီရောင်အလင်းကို ရောင်ပြန်ဟပ်ပြီး အခြားအရောင်အားလုံးကို စုပ်ယူပါတယ်။ အနက်ရောင် အရာဝတ္ထုဟာ အရောင်အားလုံးကို စုပ်ယူပြီး မည်သည့်အရာကိုမှ ရောင်ပြန်ဟပ်ခြင်းမရှိပါဘူး။ အခြားတစ်ဖက်မှာ အဖြူရောင်ဟာ အရောင်အားလုံးရဲ့ ရောင်ပြန်ဟပ်မှုဖြစ်ပါတယ်။ ဒါကြောင့် ပူပြင်းတဲ့နွေရာသီမှာ အဖြူရောင်ဝတ်တာက အနက်ရောင်ထက် ပိုခံစားရတာပါ။

လေးလံလှတဲ့ အမွှေးထူထူအောက်မှာ ပိုလာဝက်ဝံများဟာ အနက်ရောင်အရေပြားများရှိပါတယ်။ ဒီအရာဟာ နေရောင်ခြည်မှ အပူကို တတ်နိုင်သမျှ စုပ်ယူနိုင်ဖို့ လိုက်လျောညီထွေဖြစ်စေတဲ့ ပြုပြင်ပြောင်းလဲမှုတစ်ခုပါပဲ။

ပိုလာဝက်ဝံအမွှေးက တကယ်တော့ မဖြူပါဘူး။ အ မွှေးတွေဟာ အခေါင်းပေါက်ဖြစ်ပြီး ဖောက်ထွင်းမြင်ရတဲ့ keratin ဖြင့်ပြုလုပ်ထားကာ အရောင်ခြယ်မှုအနည်းငယ်မျှသာရှိပါတယ်။ နေရောင်ခြည်ဟာ ဝက်ဝံကိုထိမှန်တဲ့အခါ အမွှေးအတွင်းမှ ရှုပ်ထွေးတဲ့ဖြန့်ကျက်မှုဖြစ်စဉ်ကို ကြုံတွေ့ရပြီး နောက်ဆုံးမှာ အလင်းအနည်းငယ်မျှသာ အလင်းပြန်သွားပါတယ်။ နေရဲ့အလင်းရောင်ဟာ အဖြူရောင်ဖြစ်တာကြောင့် ဒါဟာ ကျွန်တော်တို့ထင်မြင်ယူဆထားတဲ့ ပိုလာဝက်ဝံအရောင်ဖြစ်သွားပါတယ်။ တကယ်တော့ သူတို့အမွှေးဟာ အရောင်ပြန်နိုင်ကြတဲ့ အမွှေးတွေသာ ဖြစ်ပါတယ်။

သတင်းအရင်းမြစ်: Snow brains

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။