သီတင်းကျွတ်ပွဲတော် လို့ပြောလိုက်တာနဲ့ ဘုရားရှင်ကို ကြိုဆိုတဲ့အနေနဲ့ မီးအလင်းတိုင်များဖြင့် ပူဇော်ခြင်း ၊ ဆီမီးခွက်များထွန်းကာ ပူဇော်ခြင်း အစရှိတာတွေကိုပြုလုပ်လေ့ရှိကြပြီး မီးထွန်းခြင်း နဲ့ အတူ သီတင်းကျွတ် မီးမျှောပွဲတွေကလည်း မပါမဖြစ် နာမည်ကြီး ပါပဲ။
အခုအခါမှာလည်း မြန်မာနိုင်ငံ ရဲ့ နာမည်ကြီးပွဲတော်ဖြစ်တဲ့ ရွှေကျင် မြို့ ရဲ့ အထင်ကရပွဲတော် ဖြစ်တဲ့ ရွှေကျင် သီတင်းကျွတ်မီးမျှောပွဲတော် မီးကြာခွက်မျှောခြင်း ကို အောက်တိုဘာ (၁၀) ရက်နေ့ ညနေ (၆) နာရီမှစတင်ကာ ကျင်းပသွားမှာဖြစ်တယ်လို့ သိရပါတယ်။
ရွှေကျင် မီးမျှောပွဲတော် ရဲ့ မီးကြာခွက်မျှောခြင်းကို သီတင်းကျွတ်လပြည့်ကျော် (၁)ရက် အောက်တိုဘာ (၁၀)ရက်နေ့ ညနေ (၆) နာရီဝန်းကျင်ခန့်မှ စတင်မျှောမည်ဖြစ်ပြီး ယခုနှစ်ကျင်းပတဲ့ မီးမျှောပူဇော်ပွဲတော် ဟာ (၁၇၁)နှစ်မြောက်ရှိပြီဖြစ်ကြောင်း သိရပါတယ်။
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။