ဘောလိဝုဒ်နာမည်ကြီး မင်းသမီးဖြစ်တဲ့ အာလီယားနဲ့ ရန်ဘီးကပူးတို့ဟာ မကြာခင်မှာ မိဘတွေ ဖြစ်လာကြတော့မှာပဲဖြစ်ပါတယ်။ အာလီးယားက ရှေ့အပတ်ထဲမှာ မီးဖွားတော့မှာဖြစ်တာကြောင့် ယမန်နေ့အောက်တိုဘာလ ၅ရက်နေ့မှာ baby shower ပွဲကို ကျင်းပပြုလုပ်ခဲ့ပါတယ်။ အာလီးယားရဲ့ baby shower ပွဲကို အာလီးယားရဲ့သူငယ်ချင်းတွေဖြစ်တဲ့ Neetu Kapoor ၊ Riddhima Kapoo နဲ့  Shaheen Bhatt တို့အပါအဝင် မိဘဆွေမျိုးသားချင်းများ တက်ရောက်ခဲ့ပါတယ်။ 

Google

ဘောလိဝုဒ်နာမည်ကြီး မင်းသမီး အာလီးယားနဲ့ မင်းသားရန်ဘီးကပူးတို့က ၂၀၂၂ ခုနှစ် ၊ ဧပြီလ ၁၄ ရက်နေ့မှာလက်ထပ်ခဲ့ကြပြီး ရှေ့အပက်ထဲ ဒါမှမဟုတ် နိုဝင်ဘာလမှာ မီးဖွားတော့မယ်လို့ သတင်းတွေ ထွက်ထားတာဖြစ်ပါတယ်။ Baby shower ပွဲတောင် ကျင်းပနေကြပြီဆိုတော့ မကြာခင်မှာ ကလေးမွေးတော့မှာ သေချာသလောက်ရှိနေပါပြီ။ 

Google
Google
Google

အာလီးယားနဲ့ရန်ဘီးကပူးတို့က အရမ်းနာမည်ကြီးတဲ့ အနုပညာရှင်တွေ ဖြစ်ကြတာကြောင့် ကလေး မီးဖွားပြီးနောက်မှာလည်း မိဘတာဝန်တွေကို ခွဲယူသွားကြမယ်လို့ အင်တာဗျူးတွေမှာ ဖြေဆိုထားပါတယ်။

Google

 အာလီးယားအိမ်မှာရှိနေတဲ့ချိန် ကလေးထိန်းနေတဲ့အချိန်မှာ ရန်ဘီးက အလုပ်လုပ်နေမှာဖြစ်ပြီး ၊ အာလီးရား အလုပ်သွားနေတဲ့အချိန်မှာ ရန်ဘီးက အိမ်မှာနေပြီး ကလေးထိန်းပေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။ 

Google
Google

ချစ်ဖို့ကောင်းတဲ့ ဘောလိဝုဒ်မင်းသမီး အာလီးရားရဲ့ ကိုယ်ဝန်ဆောင်စဉ်အလှ ဓာတ်ပုံလေးတွေကို ပရိသတ်ကြီးအတွက် ဝေမျှပေးလိုက်ပါတယ်။

Google

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။