ဗီယက်နမ်နိုင်ငံမှာ အောက်တိုဘာလ ၅ ရက်နေ့က Little Women ဇာတ်လမ်းတွဲ ထုတ်လွှင့်ပြသခွင့်ကို ပိတ်ပင်ဖို့အတွက် အသံလွှင့်ခြင်းနှင့် အီလက်ထရောနစ်သတင်းအချက်အလက်ဆိုင်ရာအဖွဲ့ (ABEI) က တောင်းဆိုခဲ့ပါတယ်။ 

Google

ABEI ရဲ့ အဆိုအရ တောင်ကိုရီးယားနိုင်ငံ ဇာတ်လမ်းတွဲဖြစ်တဲ့ Little Women က ဗီယက်နမ်နိုင်ငံရဲ့ သမိုင်းဆိုင်ရာ အချက်အလက်တွေကို ချိုးဖောက်ခဲ့ပြီး မမှန်မကန်အလွဲသုံးစားမှုတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ 

Google

Little Women ဇာတ်လမ်းတွဲရဲ့ အပိုင်း ၃ နဲ့ အပိုင်း ၈ မှာ ဗီယက်နမ်နိုင်ငံရဲ့ စစ်ပွဲအကြောင်းနဲ့ ပတ်သက်ပြီး မမှန်မကန်ပြသမှုတွေ ပြုလုပ်ထားပြီး သစ်ခွပန်းအကြောင်းကိုလည်း ဗီယက်နမ်က သစ်ခွလို့ ဆိုတာ မမှန်မကန် ချဲ့ထွင်မှုတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ 

Google

အင်တာနက်အသုံးပြုသူ အများစုကတော့ Little Women ဇာတ်လမ်းတွဲတာဝန်ရှိသူတွေအနေနဲ့ သမိုင်းကြောင်းဆိုင်ရာ အချက်အလက်တွေကို ဇာတ်လမ်း မထွက်ခင်ကတည်းက သေချာ ဂရုစိုက်ပြီး လေ့လာထားသင့်တယ်လို့ ဆိုထားကြပါတယ်။ 

Google

ထွက်ရှိလာတဲ့သတင်းအချက်အလတ်တွေအရ ဗီယက်နမ်နိုင်ငံမှာ Little Women ဇာတ်လမ်းတွဲ ထုတ်လွှင့်ပြသခွင့်ကို Netflix ဘက်က ပိတ်ပင်သွားဖို့ ရှိတယ်လို့ ကြားသိရပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။