ကရင်ပြည်နယ် ၊ မြဝတီအာရှလမ်း ၊ ကွမ်းသီးတောလမ်းပိုင်း အဆင်းကွေ့နေရာမှာ ယမန်နေ့ အောက်တိုဘာလ ၅ ရက်နေ့၊ ညနေ ၄ နာရီကျော်အချိန်ခန့်က ဇာတ်သဘင်ကားတစ်စီး တိမ်းမှောက်မှုဖြစ်ခဲ့ပြီး အမျိုးသား ၆ ဦးသေဆုံးကာ ၁၀ ဦးကျော် ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့တယ်လို့ သိရပါတယ်။ 

Photo credit to original 

ဇာတ်သဘင်ကားနာမည်က ပွင့်နေခြည်လို့ သိရပြီး အရှိန်မထိန်းနိုင်တာကြောင့် တိမ်းမှောက်ခဲ့ခြင်းဖြစ်တယ်လို့ သိရပါတယ်။

Photo credit to original 
Photo credit to original 

အဆိုပါ တိမ်းမှောက်ခဲ့သော ဇာတ်သဘင်ယာဉ်ထဲမှာ စုစုပေါင်း လူအယောက် ၂၈ ဦး လိုက်ပါလာခဲ့ပြီး တိမ်းမှောက်မှု ဖြစ်ဖြစ်ချင်းမှာ အမျိုးသား ၅ ဦး နေရာမှာတင် ပွဲချင်းပြီး သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။

Photo credit to original 
Photo credit to original 

အမျိုးသားတစ်ဦးကိုတော့ ဆေးရုံမှာ ပို့ထားချိန်မှာ ကွယ်လွန်သွားခဲ့တာဖြစ်တာကြောင့် သေဆုံးသူ စုစုပေါင်း ၆ ဦးရှိခဲ့ပြီး ဒဏ်ရာရရှိသူ ၁၀ ဦး ရှိသွားခဲ့ပြီလို့ သိရပါတယ်။

Photo credit to original 
Photo credit to original 

လူများစွာ သေဆုံးခဲ့သည့် ဇာတ်သဘင်ကားတိမ်းမှောက်မှုဖြစ်စဉ်အကြောင်းကို စိတ်မကောင်းစွာနဲ့ တင်ဆက်ပေးလိုက်ပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။