မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ ဖက်တန်းရပ်ကွက်၊ မြိတ်တံတား(ခ)မြိတ်ဂျက်တီမှာ ဒီကနေ့ အောက်တိုဘာလ ၅ရက်နေ့ ၊ နေ့လည် ၁ နာရီခွဲအချိန်တုန်းက အမျိုးသား တစ်ဦး မြစ်ထဲပြုတ်ကျသွားတယ်လို့သိရပါတယ်။

MFSD
MFSD

 အဆိုပါအမျိုးသားက ဆိုက်ကပ်ထားတဲ့ ဇတ်ယာဉ်ပေါ်မှာ ဆိုင်ကယ်တက်မောင်းရာမှ အရှိန်လွန်ပြီး ဆိုင်ကယ်နဲ့အတူသံလွင် မြစ်ထဲကို ပြုတ်ကျခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။ 

MFSD

ပြုတ်ကျသွားတဲ့ ဆိုင်ကယ်ကို မြစ်ထဲကနေ ပြန်လည်ရှာတွေ့ပေမယ့် ရုပ်အလောင်းကိုတော့ အခုထိ မတွေ့ရသေးဘူးလို့ သိရပါတယ်။ 

MSFD
MFSD

ပြုတ်ကျသွားတဲ့ အမျိုးသားရဲ့ ရုပ်အလောင်းကို ကယ်ဆယ်ရေး အဖွဲ့တွေက အခုချိန်အထိ ရှာဖွေမှုတွေဆက်လက်လုပ်ဆောင်လျက်ရှိတယ်လို့ သိရပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။