ကမ္ဘာကျော် One Direction အဖွဲ့ဝင်ဟောင်း ဖြစ်သူ Zayn Malik နဲ့ ကမ္ဘာကျော် စူပါမော်ဒယ် Gigi Hadid လို့ ဆိုလိုက်ရင် တစ်ချိန်တစ်ခါက ပရိသတ်ကပါ ကမ္ဘာ့အချစ်တတ်ဆုံးစုံတွဲလို့ သတ်မှတ်ခဲ့ရသူ နှစ်ဦးအဖြစ် ပြောစမှတ်တွင်ထားကြသူတွေအဖြစ် လူသိများကြပါတယ်။

Photo Credit From Original Uploader
Photo Credit From Original Uploader

သို့ပေမယ့် ဘယ်လိုပဲချစ်ကြပါစေမူ လက်ရှိမှာတော့ သူတို့နှစ်ဦးဟာ လမ်းခွဲပြတ်စဲခဲ့ကြပြီပဲ ဖြစ်ပါတယ်။ Zayn နဲ့ Gigi ရဲ့ လမ်းခွဲ ပြတ်စဲမှုဟာ တစ်ကမ္ဘာလုံးက ပရိသတ်တွေကိုဝမ်းနည်းကြေကွဲ စိတ်ထိခိုက်စေခဲ့ပါတယ်။ အဲ့တည်းကလည်း ပရိသတ်တွေက သူတို့နှစ်ဦးရဲ့ အချစ်ရေးကို ဆက်လက်စောင့်ကြည့်နေခဲ့ကြတာ ယနေ့ထိတိုင်ပါပဲ။

Photo Credit From Original Uploader
Photo Credit From Original Uploader

အဲ့သလိုစောင့်ကြည့်နေတဲ့ကြားကပဲ Gigi Hadid ဟာ ကမ္ဘာကျော် တိုက်တန်းနစ်မင်းသား Leonardo Dicaprio နဲ့ တရားဝင်တွဲခုတ်နေတယ်လို့ သတင်းတွေထွက်လာခဲ့ပြီး အဲ့သတင်းထွက်လာခဲ့ပြီး မကြာခင်မှာပဲ Zayn Malik ဟာ Gigi Hadid ရဲ့ Instagram ကို Unfollow လုပ်ခဲ့တယ်လို့ သိရပါတယ်။ Zayn နဲ့ Gigi တို့ကို ပြန်တွဲစေချင်တဲ့ ပရိသတ်တွေကတော့ အတော်လေး လက်မှိုင်ချနေကြပြီပဲဖြစ်ပါတယ်။

Photo Credit From Original Uploader
Photo Credit From Original Uploader
Photo Credit From Original Uploader

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။