လူတိုင်းမှာ မချစ်သင့်တဲ့လူကို ချစ်မိတဲ့အတွက် နောင်တတွေလည်း ရဖူးကြမှာပါ။ မချစ်သင့်မှန်းသိရင်တောင် တစ်စုံတစ်ယောက်ကို ဆိုးဆိုးဝါးဝါးလွမ်းမိတဲ့ အချိန်ဆိုတာ ရှိတတ်ကြပါတယ်။ ဒီလို မချစ်သင့်တဲ့ သူတစ်ယောက်ကို  ရူးမတတ်လွမ်းမိတဲ့အခါ ဘာလုပ်သင့်လဲဆိုတာကို ဖော်ပြပေးလိုက်ပါတယ်နော်။

ကိုယ့်ကိုယ်ကို အပြစ်မတင်ပါနဲ့

လွမ်းမိတာ အပြစ်မဟုတ်လို ဖုံးကွယ်ထားစရာ မလိုသလို ကိုယ့်ကိုယ်ကိုလည်း အပြစ်တင်နေစရာ မလိုပါဘူး။ အလွမ်းကို အလွမ်းအတိုင်းလက်ခံလိုက်ပါ။

မေ့နိုင်ဖို့ကို ဖြည်းဖြည်းချင်းကြိုးစားပါ

အချိန်ဆိုတာ လူတစ်ယောက်ကို ပြောင်းလဲပစ်နိုင်စွမ်းရှိတာမို အချိန်ကို စောင့်လိုက်ပါ ချစ်တဲ့လူကို မေ့နိုင်ဖိုဆိုတာ အချိန်တစ်ခုတော့ လိုပါတယ်။ အတင်းမေ့နိုင်အောင် ကြိုးစားပြီး ကိုယ့်ကိုယ်ကို ဒုက္ခမပေးပါနဲ့နော်…..

အားတဲ့ချိန်မရှိအောင် အလုပ်တွေလုပ်ပါ။

တစ်နေ့လုံး အလုပ်တွေနဲ့ ရှုပ်နေတဲ့အချိန်မှာ သူ့ကိုသတိရချိန်တောင် ရမှာမဟုတ်ပါဘူး။ ဒါကြောင့် တစ်စုံတစ်ယောက်ကို ရူးမတတ်မိတဲ့အချိန်မှာ အလုပ်တွေဖိလုပ်ပါနော်

Photo Credit : Google

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။