ဆင်ဆိုတာဟာ ကမ္ဘာပေါ်က ကုန်နေတိရစ္ဆာန်တွေထဲမှာ အကြီးမားဆုံး မျိုးစိတ်ဖြစ်ပါတယ်။ သူတို့ဟာ ကုန်ပေါ်မှာ အကြီးမားဆုံး တိရစ္ဆာန်မျိုးစိတ် ဖြစ်ပေမယ့်လည်း တခြားတိရစ္ဆာန်တိုင်း လုပ်နိုင်တဲ့ အရာကိုတော့ မလုပ်နိုင်ကြပါဘူး။ ဒါကြောင့် ဆင်တွေအကြောင်းကို လေ့လာကြည့်လိုက်ရအောင်။

၁။ ဆင်များဟာ တစ်နာရီကို ၂၅ မိုင်အထိ ပြေးနိုင်ပါတယ်။ ဒါပေမယ့်လည်း သူတို့ဟာ ကမ္ဘာပေါ်မှာ မခုန်နိုင်တဲ့ တစ်မျိုးတည်းသော နို့တိုက်သတ္တဝါအဖြစ် ကျန်ရှိနေပါတယ်။ သူတို့ဟာ ပြေးနေရင်တောင်မှ ခြေထောက်တစ်ဖက်ကို မြေကြီးပေါ်မှာ အမြဲထားပါတယ်။

၂။ African Bush Elephants (အာဖရိကဆင်တစ်မျိုး) များဟာ ပေါင် 14,000 အထိ အလေးချိန် ရှိနိုင်ပြီး သူ့ရဲ့ နောက်ပိုင်းခန္ဓာကိုယ် တစ်ခုတည်းနဲ့တင် ပေါင် 400 မျှ အလေးချိန် ရှိပါတယ်။

၃။ အဲ့ဒီကိုယ်အလေးချိန်ကို ထိန်းထားဖို့အတွက် မြက်၊ အရွက်၊ ဝါး၊ အမြစ်၊ အခေါက်နှင့် အခြားအပင်များကို တစ်နေ့မှာ ပေါင် ၃၀၀ မှ ၄၀၀ ခန့် စားသုံးဖို့လိုအပ်ပြီး တစ်နေ့ကို ၁၆ နာရီအထိ စားသုံးနိုင်ပါတယ်။ သူတို့က တစ်နေ့ကို ရေဂါလံ 30-50 သောက်ပါသေးတယ်။

၄။ ဆင်များရဲ့ ဦးနှောက်ဟာ တိရစ္ဆာန် နိုင်ငံမှာ အကြီးဆုံး ဖြစ်ပြီး လူ့ ဦးနှောက် ထက် ၃ ဆ မှ ၄ ဆထိ ကြီးမားပါတယ်။

၅။ ပျမ်းမျှသက်တမ်းမှာ နှစ် 50 မှ 70 ရှိပေမယ့်လည်း အသက်အကြီးဆုံးအဖြစ် ရှိခဲ့တဲ့ဆင်ဟာ အသက် 86 နှစ်ဖြစ်ပါတယ်။

၆။ သူတို့ရဲ့ အမွှေးကြီးထွားမှုဟာ အချိန်ကြာလာတာနဲ့အမျှ လျော့နည်းလာပြီး တခြားနို့တိုက်သတ္တဝါများနဲ့မတူပဲ ပူပြင်းတဲ့ ရာသီဥတုမှာ သူတို့ကို အေးမြစေဖို့ ကူညီပေးပါတယ်။

၇။ ဆင်ရဲ့အရေပြားဟာ တစ်လက်မကျော် ထူ‌ပေမယ့်လည်း ရွှံ့များမှ အစိုဓာတ်ကို ထိန်းထားနိုင်တဲ့အတွက် အရေးအကြောင်းများမှာ အလွန်ပျော့ပျောင်းပါတယ်။

၈။ သူတို့မှာ လူသားများရဲ့ ဦးနှောက်အတွင်းရှိ ကော်တက်ဇစ်များနှင့် ဆင်တူတဲ့ သူတို့ရဲ့ ဦးနှောက်ရှေ့ အူမကြီးများ ကြောင့် ကိုယ့်ကိုယ်ကိုယ် သတိ၊ ကရုဏာနှင့် ဝမ်းနည်းခြင်းစတဲ့ ခံစားချက်များ ရှိပါတယ်။

၉။ အာဖရိကဆင်အုပ်စုများဟာ တိုက်ကြီးပေါ်ရှိ နိုင်ငံပေါင်း ၃၇ နိုင်ငံမှာ ကျင်လည်ကျက်စားကြပါတယ်။

၁၀။ သူတို့ဟာ မိသားစုကို အလေးအနက်ထားပြီး ဆင်ကောင်ရေ 100 အထိ မိသားစုလို့ သတ်မှတ်နိုင်ပါတယ်။

၁၁။ ရာသီအလိုက် ရွှေ့ပြောင်းနေထိုင်တဲ့ တိရစ္ဆာန်များ၊ ဆင်များဟာ ယခင်က သူတို့သွားခဲ့ဖူးတဲ့ အစာနှင့် ရေကို ရှာဖွေဖို့ သူတို့ရဲ့ မှတ်ဉာဏ်ကို အားကိုးကြပါတယ်။

သတင်းအရင်းမြစ်: Universal Property

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။